spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသ ကုန်စည် သယ်ယူ၊ ပို့ဆောင်ခွင့် လက်မှတ်ကို IEC လုပ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်ခွင့်လက်မှတ်ကို
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC ) က ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

တနိုင်တပိုင်လုပ်ငန်းတွေနဲ့ စားဝတ်နေရေးအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်းတွေသယ်ယူဖို့ လက်မှတ်ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC ) အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။

“အဓိက ကတော့ ဒီ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေကို၊ လူထုပေါ့နော် လူထု စီးပွားရေးလုပ်ငန်းတွေကို၊ အဓိက စားဝတ်နေရေးအတွက် လိုအပ်တဲ့ကုန်စည်တွေကို သွားလာခွင့်နဲ့ပတ်သက်တဲ့ ကုန်စည်သယ်ဆောင်ခွင့် လက်မှတ်ပဲ ဖြစ်ပါတယ်ပေါ့နော်။” လို့ ဦးဗညားက ပြောပါတယ် ။

ဒီလက်မှတ်တွေကို နိုဝင်ဘာ ပထမပတ်အတွင်းမှာပဲ စတင်ထုတ်ပေးတာဖြစ်ပြီး ဆိုင်ကယ်တွေနဲ့သာ သယ်ယူပို့ဆောင်ခွင့်ကို ပေးထားတယ်လို့ သိရပါတယ်။ ကုန်စည်သယ်သူပို့ဆောင်ခွင့်အတွက် ဆိုင်ကယ်တစီးကို ကျပ်ငွေ သုံးသောင်းကျပ် အခွန်ငွေ ကောက်ခံနေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“အဓိကတော့ ဒီကုန်ပစ္စည်းတွေကိုပဲ သယ်ဆောင်ခွင့်ပေးထားတာပေါ့နော် ပစ္စည်းအခွန်ပဲရှိတယ်၊ ဒီဟာက လမ်းပျက်တာတွေရှိတယ် အဲ့ဒီအတွက်ပေါ့နော်၊ ဒီ ကုန်စည်သယ်အခွန် အဲ့လောက်ပဲရှိပါတယ်၊ အခြားဟာမရှိပါဘူး” လို့ သူက ပြောပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ရောက်ရှိဖို့ ပြည်ထောင်စုလမ်းမအတိုင်း သွားလာလို့ မရတော့တာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပြီး လက်ရှိမှာလည်း လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းမကြီးမှာ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။

ကုန်စည်မပြတ်တောက်အောင် ဒေသခံတွေဟာ တောလမ်းတွေကိုသာ အသုံးပြုနေကြတာဖြစ်ပြီး လက်ရှိအသုံးပြုနေရတဲ့ လမ်းဟာလည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူးလို့ သိရပါတယ်။
အဆိုပါလမ်းအသုံးပြုပြီးသွားလာသူတွေဟာ တရက်ကို လူဦးရေ ၂၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts