spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မျိုးရိုးဗီဇကွဲတွေနဲ့ အဆုံးမသတ်နိုင်တဲ့ ကိုဗစ် – ၁၉ နောက်ဆက်တွဲ အိုမီခရွန်

Author

Date

Category

၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့အစည်းမှ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ COVID-19 ရောဂါဟာ လက်ရှိအချိန်ထိ မျိုးရိုးဗီဇ အမျိုးမျိုးပြောင်းလဲနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်လူနာတွေ ပြန်လည်မြင့်တက်လာပါတယ်။ စတုတ္ထလှိုင်းမှာ တော်တော်များများကို ကူးခဲ့တဲ့ အိုမီခရွန် မျိုးရိုးဗီဇကွဲဟာ ပဉ္စမလိုင်းအဖြစ် ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ပညာရှင်တွေက ကြိုတင်ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇ အသစ်တွေနဲ့ ကိုဗစ် မျိုးရိုးကွဲ အိုမီခရွန်ကို ကာကွယ်ဖို့ နည်းလမ်းတစ်ချို့ တင်ပြပေးလိုက်ပါတယ်။

အိုမီခရွန်ဆိုတာ ဘာလဲ

အိုမီခရွန် ရဲ့ မျိုး ကွဲ BA .4/ BA.5 ဗိုင်းရပ်စ် ပိုး ဆိုတာက ALPHA, DELTA, OMICRON တို့လို မျိုးကွဲများဖြစ်ပြီး BA4 /BA5 က ယခုနောက်ဆုံး Variant Omicron ရဲ့ နောက်ဆက်တွဲ ဗိုင်းရပ်စ် နှစ်မျိုးဖြစ်ပါတယ်။

BA4 BA5 ဗိုင်းရပ်စ် ကို WHO က ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မတ်လမှာ စောင့်ကြည့်စာရင်းထဲထည့်ခဲ့ပြီး ဥရောပ နိုင်ငံတွင် စိုးရိမ်စရာ မျိုးကွဲများ အဖြစ် သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး အခြားသောမျိုးကွဲတွေထက် ပိုမို လျင်မြန်စွာ ကူးစက်မြန်တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။

အိုမီခရွန်ရဲ့ ရောဂါလက္ခာဏာတွေက ဘာတွေလဲ

အရင် ကိုဗစ်မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူ ရောဂါလက္ခဏာတွေ ပြလေ့ရှိပါတယ်။

နှာရည်ယိုတာ၊ ချောင်းဆိုးတာ ၊လည်ချောင်းနာတာ၊ ဖျားတာ၊ခေါင်းကိုက်တာ ၊ကြွက်သားနာကျင် ကိုက်ခဲတာ၊နုံးတာ စတာတွေ ခံစားရနိုင်ပါတယ် ။ ရောဂါလက္ခဏာမပြတာမျိုးလည်း ရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးထားပြီးသားနဲ့ အိုမီခရွန်ဖြစ်ပြီးသားသူတွေလည်း ထပ်ဖြစ်နိုင်လား

ကာကွယ်ဆေးထိုးပြီးသားလူလည်း အိုမီခရွန် ထပ်မံကူးစက်နိုင်သလို အိုမီခရွန် ဖြစ်ဖူးသူတွေလည်း ထပ်မံ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရင်က ဖြစ်ဖူးတာ ရက်၉၀ကျော်သွားရင် ခုခံအား နည်းသွားလို့ ပိုကူးနိုင်ပါတယ်။ BA5 ရဲ့ မျိုးဗီဇပြောင်းလဲမှုက ခန္တာကိုယ်ခုခံအားစနစ်ကို ထိုးဖောက်နိုင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

တစ်ကျော့ပြန်လာနိုင်တဲ့ အိုမီခရွန်အတွက် ဘယ်လို ပြင်ဆင်ရမလဲ

  • ထပ်ဆောင်း ကာကွယ်ဆေးထိုးရပါမယ်။
  • အရင်လို ပုံမှန်လက်ဆေးရပါမယ်။ နှာခေါင်းစည်းတပ်ထားရပါမယ်။
  • နေမကောင်းဖြစ်ရင် ဆေးစစ်ပြီး သီးသန့်နေထိုင်ရပါမယ်။
  • ဖြစ်ဖူးပြီ ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါတွေအပြင် အာဟာရပြည့်ဝအောင်စားပြီး အိပ်ရေးဝဝ အိပ်တာ၊ မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။

အိုမီခရွန်ဖြစ်လာခဲ့ရင် ဘယ်လိုနေထိုင်ရမလဲ

Mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေ နေထိုင်ခြင်း၊ တစ်ဦးနဲ့တစ်ဦး (၆) ပေအကွာ ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး/နှာချေတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း၊ လူနာနဲ့ လူအများမကြာခဏ ထိတွေ့ကိုင်တွယ် လေ့ရှိတဲ့ အရာဝတ္ထုတွေနဲ့ နေရာတွေကို ပိုးသတ်သန့်စင်ခြင်း စတာတွေကို လိုက်နာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာလူသားတွေနဲ့ ယှဉ်တွဲနေထိုင်လာတာ အခုဆိုရင် သုံးနှစ်နီးပါးရှိနေပါပြီ။ ပထမလှိုင်းကနေ စတုတ္ထလှိုင်း အထိ မျိုးရိုးဗီဇ အသစ်တွေပြောင်းလဲခဲ့တဲ့ ကိုဗစ် ၁၉ ဟာ ကမ္ဘာတစ်ဝှမ်းမှ လူဦးရေ သန်းပေါင်းများစွာရဲ့ အသက်ကို နုတ်ယူခဲ့သလို မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း ( ၁၉၄၇၈) ဦး ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည် (WHO) ရဲ့ အောက်တိုဘာလ (၂၇ ) ရက် အထိ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုးကား -BBC ဆောင်းပါး, Hello Sayarwon page, WHO Myanmar page.

spot_img
spot_img

Recent posts