spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

မျှစ်ရှာသွားတဲ့ စစ်ရှောင်အမျိုးသမီး ကျောက်ကမ်းပါးပေါ်က ပြုတ်ကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အနောက်ဘက်ခြမ်းရှိ လွိုင်နန်းဖ ဘက်မှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ မျှစ်ရှာထွက်ရင်း ကျောက်ကမ်းပါးပေါ်က ပြုတ်ကျပြီး ခြေထောက်ရိုးတွေ ကျိုးသွားတယ်လို့ သိရပါတယ်။

“ သူက မျှစ်ရှာထွက်ဖို့ ကျောက်ကမ်းပါးပေါ်ကို အတက်မှာ လက်ကကျောက်ကို ဆွဲတာ အဲ့ဒီအပေါ်ကကျောက် ပြုတ်ထွက်ပြီး ကမ်းပါးကိုကျတာ အဲ့တာ သူရဲခြေက ဟိုဒီအောက်က ကျောက်ကို ရိုက်သွားပြီးတော့မှ ခြေမျက်စိမှာ ခြေမျက်စိ ခြေဖဝါးက လုံးဝပြုတ်သွားတာ ခြေဖဝါး ပြုတ်ထွက်ပြီးတော့မှ ဟိုဒီခြေရိုးလေးက အရေပြားကို ထိုးထွက်သွားတာ အဲ့တာပျက်သွားတာလေး အဲ့တာ ပြန်ဆက်စပ်ပြီး ပြန်ချုပ်ရတယ်လိုတော့ပြောတယ်။ ဆေးရုံကညှပ်ထုတ်တာတွေတော့ ရှိတာပေါ့” လို့ ထိခိုက်သွားတဲ့ အဆိုပါ အမျိုးသမီးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်အမျိုးသမီးမှာ သားသမီး ၆ ဦး ရှိပြီး မျှစ်ချိုးရောင်းချကာ စားဝတ်နေရေးကိုဖြေရှင်းနေရသူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူမအတွက် ဆေးကုသမှု ကုန်ကျစရိတ်တွေကို စစ်ရှောင်ကူညီသူတွေက ကူညီပေးထားတယ်လို့သိရပါတယ်။

“လောလောဆယ်ပေါ့ ဆေးဖိုးဝါးခ က ၂သိန်း ၃သိန်းတော့ ကျနော် ပို့လိုက်ပြီးပေါ့နော်။ ပိုလိုက်ပြီးဆိုပေမယ့် မိသားစုက တအားများတော့ ဆန်တွေ၊ ဆီတွေ၊ ဆားတွေ လိုအပ်တဲ့ဟာပေါ့နော် ထပ်ပြီးတော့ အလှူငွေတွေ ဝင်လာခဲ့မယ်ဆိုရင် ဒီမိသားစုတွေ ဆန်၊ ဆီ၊ ဆားနဲ့ ကလေးတွေ ကျောင်းတက်ဖို့ အတွက် ဗလာ စာအုပ်နဲ့ စာရေးကိရိယာ ကျနော် ထပ်ဝယ်ဖို့ စီစဉ်ထားပါတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်အများအပြားရှိနေပြီး စားနပ်ရိက္ခာတွေလဲ ပိုမို ကြပ်တည်း နေတယ်လို့ သိရပါတယ် ။

spot_img
spot_img

Recent posts