spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြန်မာငွေကျပ် ၁သိန်း ထိုင်းဘတ် (၉၃၅)ဘတ်အထိ ကျဆင်းနေပြီး ထပ်မံ ကျဆင်းလာနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၉)ရက် နေ့လည် ၁၂နာရီအချိန် မြန်မာငွေတန်ဖိုး ကျပ် ၁သိန်း ဟာ ထိုင်းဘတ်ငွေ (၉၃၅)ဘတ်အထိ ကျဆင်းနေတယ်လို့ မြန်မာ-ထိုင်း ငွေလွှဲလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

“ မြန်မာနိုင်ငံမှာ နှစ်သောင်းတန် ငွေစက္ကူတွေကို တရားဝင် ထုတ်တော့မယ် ဆိုပြီးတော့မှ ကြေညာပြီးနောက်ပိုင်း မှာပဲ ငွေဈေးက ထိုးကျသွားတာခင်ဗျ။ “ လို့ ငွေလဲလှယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းကာလအတွင်း ၂၀၂၂ခုနှစ်မှာလည်း မြန်မာကျပ်ငွေ တစ်သိန်းဟာ ထိုင်းဘတ် (၉၈၀)အထိ ခနတာ ငွေဈေးကျတာရှိဖူးပါတယ်။ အခုအကြိမ်ကတော့ ဒုတိယအကြိမ် ငွေဈေးကျဆင်းမှုဖြစ်နေတာ ဖြစ်ပြီး အချိန်ပိုကြာမြင့်နိုင်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ မြန်မာကျပ်ငွေဈေးကျဆင်းမှုက ဒီထက်ဆက်လက်ကျဆင်းဖို့ပဲ ရှိနိုင်တယ်လို့လည်း မြန်မာ-ထိုင်း ငွေလဲလှယ်လုပ်နေသူတစ်ဦးက ဆိုပါတယ်။

“ နံပါတ်တစ် မြန်မာနိုင်ငံကနေပြီးတော့မှ သူများနိုင်ငံကို ထုတ်ကုန်မပို့နိုင်တာရယ်၊ နံပါတ်နှစ် သူများနိုင်ငံကနေပြီးမှပဲ ကိုယ့်နိုင်ငံကို ကုန်ပစ္စည်းတွေသွင်းပြီးတော့ပဲ စားသုံးကုန်ဖြန့်ဝေနေရတာရယ် ၊ တတိယတစ်ချက်က ထုတ်ကုန်ပို့ကုန်အချိန်မှာ ပြည်ပငွေကြေးတွေ လဲတဲ့အခါမှာ ဒေါ်လာအကောက်တွေ ဖြတ်တောက်ထားခံရတာရယ်၊ အဲဒါတွေကြောင့် မြန်မာနိုင်ငံရဲ့ ငွေကြေးက ရှေ့ဆက်ကျဖို့ပဲရှိတယ်။“ လို့ မြန်မာ-ထိုင်း ငွေလဲလှယ်လုပ်နေသူတစ်ဦးက ဆိုပါတယ်။

အခုလို မြန်မာငွေကျပ် တစ်သိန်းကို ထိုင်းဘတ် တစ်ထောင် အောက် ဆက်လက် ကျဆင်းနေသလို အချိန်ကာလပိုကြာမြင့် နိုင်ပြီး အဆမတန်ငွေဈေးကျဆင်းမှုကြောင့် အခြေခံလူတန်းစာတွေအတွက်နဲ့ ငွေလွှဲလုပ်ကိုင်နေသူတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။

ဒေါ်လာငွေလဲနှုန်းကလည်း အခြေနေအချိန်ခါအရ ပြောင်းလဲမှုတွေရှိနိုင်ပြီး လက်ရှိအချိန်မှာတော့ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၇၀၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts