spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြန်မာသတင်းမီဒီယာအဖွဲ့ပေါင်း ၃၀ ကျော် နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)ကို ဖွဲ့စည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြင့်တင်ရေး၊ သတင်းသမားများ အကာအကွယ်ရရှိရေးနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ တရားဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကို ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်း တစ်နေရာမှာ မြန်မာသတင်းမီဒီယာ အဖွဲ့ ၃၈ ဖွဲ့ နဲ့ တစ်သီးပုဂ္ဂလသတင်းမီဒီယာ သမားများ စုစုပေါင်း ၇၇ဦးနဲ့ ညီလာခံပြုလုပ်ခဲ့ပါတယ်။ IPCM ကို ကောင်စီဖြစ်မြောက်ရေး ဒုတိယအကြိမ်ညီလာခံမှာ ဖွဲ့စည်းနိုင်ခဲ့တာပါ။

ကောင်စီရဲ့ အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး နဲ့ ဘဏ္ဍာရေးမှူး အပါအဝင် စုစုပေါင်း ကောင်စီဝင် ၁၀ဦးကိုလည်း ရွေးကောက်တင်မြောက်နိုင်ခဲ့ပါတယ်။

“လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေချည်းပဲ စုဖွဲ့ပြီးတော့ တစ်စုံတစ်ဦးရဲ့ တစ်စုတစ်ဖွဲ့ရဲ့ တိုက်တွန်းမှုမရှိဘဲနဲ့ ဒါရှိသင့်တယ်ဆိုတဲ့ဟာမျိုး ဆိုတဲ့ရည်ရွယ်ချက်ကြောင့် ဖွဲ့စည်းတာမလို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာတော့ ဒါအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ IPCM ဖြစ်ပေါ်လာတယ်လို့ ပြောရမှာပေါ့။” လို့ IPCM ရဲ့ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ နန်းဖောဂေက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဒါ့အပြင် အဆိုပါညီလာခံမှာ ကောင်စီအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ကိုရေးဆွဲအတည်ပြုတာ၊ အမှုဆောင်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်တာ၊ ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးအတည်ပြုတာတွေကို ပြုလုပ်ခဲ့ပါတယ်။

အခုလိုကောင်စီ ရှိလာခြင်းအားဖြင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကိုယ်စား နိုင်ငံတကာ နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို လုပ်ဆောင်လာနိုင်မှာဖြစ်တယ်လို့ IPCM ဥက္ကဌ နန်းဖောဂေက ဆက်ပြောပါတယ်။

“နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့က ကောင်စီရှိလာခြင်းအားဖြင့် နကိုယ် ချိတ်ဆက်မှုရှိတဲ့ဟာကို စုရပ်တစ်ခုအတိုင်းအတာနဲ့လုပ်သွားဖို့ အတွက်က ဒါအားသာချက်တစ်ခုဖြစ်တယ်ပေါ့။” လို့ ဥက္ကဌ နန်းဖောဂေ က ဆိုပါတယ်။

IPCM ရဲ့ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းမှာ သတင်းမီဒီယာကျင့်ဝတ်တွေကို ပြဌာန်းပြီး လိုက်နာကျင့်သုံးဖို့ လည်း ထည့်သွင်းရေးဆွဲထားသလို သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တိုင်ကြားနိုင်တဲ့ ယန္တာရားတွေကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်လို့ သိရပါတယ်။

ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်တဲ့ IPCM ဟာ လွတ်လပ်သော မြန်မာသတင်းမီဒီယာတွေ၊ တိုင်းရင်းသား သတင်းမီဒီယာတွေ၊ ဒေသအခြေစိုက် သတင်းမီဒီယာတွေကို ကိုယ်စားပြုတယ်လို့ တက်ရောက်လာတဲ့ သတင်းမီဒီယာအဖွဲ့တွေက ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts