spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

မြေပဲစျေးမရှိတာကြောင့် ဖရူဆိုက မြေပဲစိုက်တောင်သူတွေ အရှုံးပေါ်မှာကို စိုးရိမ်

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ဒေသခံတွေစိုက်ပျိုးထားတဲ့ မြေပဲတွေဟာ ယခုနှစ်အတွင်း မျှော်မှန်းထားသလို စျေးမရှိနေတာကြောင့် တောင်သူတွေ အရှုံးပေါ်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ယခုလ (ဒီဇင်ဘာ) အတွင်းမှာ ဒေသခံတွေက သိမ်းဆည်းထားတဲ့ မြေပဲတွေကို ထုတ်ရောင်းနေကြပေမဲ့ ဝယ်ယူသူမရှိသလောက် ရှားနေသလို မြေပဲ(အခွံပါ) စျေးက တစ်ပိဿာကို ကျပ် ၃၅၀၀ ဝန်းကျင်သာ ရှိနေတယ်လို့ဆိုပါတယ်။

“သူများတွေ မဝယ်ကြတော့ဘူး ပြောတယ်၊ စျေးမရှိလို့ လာမဝယ်တော့တာ။”လို့ ဖရူဆို ဒေသခံ တောင်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ယခုနှစ်မြေပဲထွက်ရှိချိန်ကနေ ယခုအထိ ၃လအတွင်း မှာ မြေပဲစျေးအနိမ့်ဆုံး အနေအထားကိုရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေလိုအပ်တဲ့ တောင်သူတွေကတော့ ရတဲ့စျေးနဲ့ ရောင်းချနေရတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။

“လူငှားရမ်းတဲ့ အချိန်တုန်းက တစ်ယောက်ကို တစ်သောင်း နှစ်ထောင်အထိ ပေးနေရတော့ ဘယ်လောက်လုပ်အားခ ထွက်မလဲပေါ့။ တစ်ခြားရွာက လာဝယ်ပေမယ့် တစ်ပိဿာ ၃၅၀၀ ကျပ် အထိပဲ ပေးဝယ်နေရသေးတယ်။” လို့ ဖရူဆိုဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့နှစ် ဒီဇင်ဘာလမှာတော့ မြေပဲ ၄ ပုံးအိတ် တစ်အိတ်ကို တစ်သိန်း နှစ်သောင်းကျပ် အထိ ရရှိပြီး၊ လက်ရှိ ၂၀၂၃ ဒီဇင်ဘာလအတွင်းမှာတော့ မြေပဲ ၄ ပုံးအိတ် တစ်အိတ်ကို ခြောက်သောင်းကျပ်ဝန်းကျင်သာ ရရှိတော့တယ် လို့ တောင်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

မြေပဲစိုက်ပျိုးမှုဟာ ဖရူဆိုဒေသခံတွေရဲ့ ဒုတိယ အများဆုံး စိုက်ပျိုး သီးနှံဖြစ်ပြီး အများဆုံးစိုက်ပျိုးမှုကတော့ စပါးဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts