spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေမြုပ်မိုင်း အန္တာရယ်ကို ဘယ်လိုရှောင်ရှားကြမလဲ

ဘုအီ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်သူများ၏ မြို့ရွာများအတွင်းတွင် တိုက်ပွဲများ ကူးစက်လာသည့် နောက်ဆက်တွဲအနေဖြင့် မြေမြုပ်မိုင်း အန္တာရာယ်သည် ပြည်သူပြည်သားများ၏ လက်တကမ်းတွင် ရောက်ရှိလာပါသည်။

မိုင်းများကြောင့် အသက် ဆုံးရှုံးရခြင်းနှင့် တစ်သက်လုံး ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများ ဖြစ်ပွားနိုင်သည်အထိ အန္တာရာယ် ရှိပါသည်။ ထို့ကြောင့် မြေမြုပ်မိုင်း အန္တာရာယ်ကို ကာကွယ်နိုင်ရန်အတွက် နည်းလမ်းနှင့် သတိထားစရာအချက်အချို့ကို ဖော်ပြပေးလိုက်ပါသည်။

၁။ မကျွမ်းကျင်သော နေရာဒေသသို့ သွားလာရာတွင် သတိပြုရန်။

  • ကရင်နီပြည်သူ အများစုသည် စစ်ရှောင်အနေဖြင့် အခြား ဒေသ တခုခုတွင် စစ်ရှောင်နေကြရသည့် အလျှောက် မိမိမကျွမ်းကျင်သည့် နယ်မြေဒေသသို့ သွားလာနေရသည်။ ယင်းသို့ သွားလာရှောင်တိမ်းရာတွင် သတိဝိရိယဖြင့် နယ်မြေကျွမ်းကျင်သူ သို့မဟုတ် ဒေသခံအများပြည်သူ သွားလာသော လမ်းများကို စုံစမ်းကာ သွားလာခြင်းဖြင့် မြေမြုပ်မိုင်း အန္တာရာယ်ကို တစ်နည်းအားဖြင့် ရှောင်ကျဉ်နိုင်ပါသည်။

၂။ သွားလာရန် ပိတ်ပင်ကန့်သတ်ထားသည့် နယ်မြေဒေသများသို့ သွားလာခြင်းကို ရှောင်ကျဉ်ရန်။

  • စစ်ပွဲကာလဖြစ်သည့်နည်းသူ သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ပြည်သူများ မိုင်းအပါအဝင် အခြားသော အန္တာရာယ်များကို ရှောင်ကျဉ်နိုင်ရန် နယ်မြေ ကန့်သတ်ချက်များ ရှိကြပါသည်။ ထို့ကြောင့် ယင်းအဖွဲ့အစည်းများက သွားလာရန် ကန့်သတ်ပိတ်ပင်ထားသော နယ်မြေဒေသများသို့ သွားလာခြင်းကို ရှောင်ကျဉ်ရပါမည်။

၃။ မြေမြုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးသော စစ်ကျန် လက်နက်ခဲယမ်းများ တွေ့ရှိပါက မကိုင်တွယ်ပါနှင့်။ အမှတ်အသားပြုလုပ်ထားပါ။

  • တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးတစ်ဝိုက် ဒေသများတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန် လက်နက်ခဲယမ်းများစွာ ကျန်ရစ်နေတတ်ပါသည်။ ထို့ကြောင့် မိုင်းနှင့် လက်နက်ကြီးများကို တွေ့ရှိပါက လုံးဝ (လုံးဝ) မကိုင်တွယ်ခြင်း၊ ဝေးဝေးနေပါ၊ အရာဝတ္ထုတခုခုဖြင့် ပစ်ပေါက်ခြင်း၊ ထိတွေ့မှု မပြုလုပ်ခြင်းသည်လည်း မြေမြုပ်မိုင်း အန္တာရာယ်ကို တစ်နည်းအားဖြင့် ရှောင်ကျဉ်နိုင်ပါသည်။ ယင်းအပြင် အခြား မသိရှိသေးသော အများပြည်သူများ ထိခိုက်မှု မရှိစေရန် သိသာထင်ရှားတဲ့ မိုင်းအန္တာရာယ် သင်္ကေတများဖြင့် အမှတ်အသားပြုလုပ်ခြင်းဖြင့်လည်း မိမိ မိသားစုအပါအဝင် အများပြည်သူကို မြေမြုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးသော စစ်ကျန် လက်နက်ခဲယမ်းများ၏ အန္တာရာယ်ကို တစ်နည်းအားဖြင့် ကာကွယ်ပေးပါ။

၄။ သက်ဆိုင်ရာ မိုင်းကျွမ်းကျင် အဖွဲ့အစည်းများ မိုင်းရှင်းလင်းနိုင်ရန် အကြောင်းကြားပေးပါ။

  • မြေမြုပ်မိုင်းနှင့် စစ်ကျန် လက်နက်ခဲယမ်းများသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် အန္တာရာယ် ရှိသည့်အတွက် တွေ့ရှိပါက အများပြည်သူထိခိုက်မှုမရှိစေဘဲ မိုင်းရှင်းလင်းမှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ မိုင်းကျွမ်းကျင် အဖွဲ့အစည်းများ အမြန်ဆုံး အကြောင်းကြားပါ။
spot_img
spot_img