spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေယာဆုံးရှုံး နစ်နာသူတွေကို လျော်ကြေး (သို့) မြေယာပြန်ပေးသင့်ဟု တိုင်စာပစ်စာအဖွဲ့ဥက္ကဌပြော

Author

Date

Category

စိုးထိုက်အောင်

သိမ်းဆည်းထားတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေကို အမှန်တကယ် အသုံးမပြုဘူးဆိုရင် နစ်နာဆုံးရှုံးသွားတဲ့ သူတွေကို မြေယာ သို့မဟုတ် လျော်ကြေးငွေပြန်ပေးသင့်တယ်လို့ ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“တကယ် မသုံးတဲ့မြေတွေကို တောင်သူတွေကို ပြန်ပေးသင့်တယ်ပေါ့။ နစ်နာဆုံးရှုံးမှုတွေ တအားများတယ်ပေါ့။ တကယ်သုံးလို့ရှိရင်တော့ ပြန်မပေးမဲ့ လျော်ကြေးငွေပေါ့။ မသုံးတဲ့ နောက်ပိုင်းဆို အများကြီးကျန်တယ်။ အဲ့ဒါတွေကို လဲ ပြန်လည် နစ်နာတဲ့ သူတွေကို ပြန်ပေးသင့်တယ်ပေါ့နော်။”

ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦး

တိုင်ကြားထားတဲ့ မြေယာကိစ္စတွေဟာဆိုရင် အများစုက အာဏာရှိတဲ့ သူတွေကနေပြီး ဒေသခံတောင်သူတွေရဲ့ မြေယာပေါ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို လျှောက်ထားပြီး အမည်ပေါက်တွေ လုပ်ထားလိုက်ခြင်းက ပြည်သူတွေ ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံကို တိုင်ကြားထားတဲ့တိုင်စာ အများစုဟာဆိုရင်လည်း လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၀၊ မေလ ၃၁ ရက်နေ့အထိ တိုင်စာပစ်စာ ကော်မတီကို တိုင်ကြားစာ စုစုပေါင်း ၄၈၄ စောင် ရှိနေပြီး လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စ တိုင်ကြားစာပေါင်း ၂၆၃ စောင် အထိ ရှိနေပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ မြေယာဥပဒေတွေက တိုင်းရင်းသားဒေသတွေနဲ့လုံးဝကိုက်ညီမှု မရှိဘူးမရှိတဲ့အတွက် အခုလို တိုင်စာတွေများနေရခြင်းလည်းဖြစ်တယ်လို့ Kayah Earthrights Action Network – KEAN မှ စောအယ်စေးက ပြောပါတယ်။

“ ဒါကျတော်တို့ဒီ အောက်ခြေလူထုတွေ၊ ဌာနေတိုင်းရင်းသားတွေ ကျတော်တို့ဒေသခံတိုင်းရင်းသားတွေပြောတဲ့ဟာ ဒါပေမဲ့ အခုလက်ရှိလာတဲ့ မြေယာယန္တယားတွေက အပေါ်ကနေလာပြီးတော့ စီမံခန့်ခွဲမယ်၊ အပေါ်ကနေ သူတို့ကြိုက်သလို စီမံမယ်၊ သူတို့ရအောင်ယူမယ်ဆိုတဲ့ ဟာက လုံးဝဆန့်ကျင်နေတဲ့ ဟာဖြစ်တဲ့အတွက် လုံးဝကိုက်ညီမှုမရှိဘူးလို့ကျတော် အဲ့လိုမြင်တယ်။”

မြေယာသိမ်းဆည်းမှု ပြသနာကြောင့် လက်ရှိအချိန်ထိ ဖြေရှင်းပေးမှု မရသေးတဲ့ ဒေါဆိုရှေ့တောင်သူ ဒေါ်ညားမှာက စိုက်ပျိုးစရာမြေယာမရှိတော့တဲ့အတွက် သူ့ရဲ့အခက်အခဲတွေကို အခုလိုပြောပါတယ်။

“ အိမ်မရှိ၊ ခြံ မရှိဘူးလေ။ ကျမ ကလေးတွေက ဘာတွေ စားမလဲ မသိတော့ဘူး။
ကျမကလေးတွေ ဘာသွားစားမလဲ မသိတော့ဘူး။ ညလည်း အိမ်မပျော်တော့ဘူး။ စိတ်ဆင်းရဲရတယ်။ မျက်လုံးထဲမှာ ကိုယ့်ခြံကိုပဲ မြင်ယောင်နေတယ်။ အရမ်းနဲ့ ပင်ပန်းဆင်းရဲတယ်။ စားဖို့လည်း မရှိဘူး။ ပညာလည်း မရှိဘူး။ တောင်ယာပဲ လုပ်စားတယ်။ အခုတော့ လုပ်စားစရာ မရှိတော့ဘူး။ တခြား ဘာမှ မရှိဘူး။ သူများခြံထဲမှာပဲ နေ့စား လိုက်တယ်။ အခုက သူများက ဆေးတွေပဲ သုံးလိုက်တော့ လူမငှားတော့ဘူးလေ။ ကျမ ဘာလုပ်စားရမလဲ မသိတော့ဘူး။”

ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် အတွင်းဆောင်ရွက်နိုင်မှု အစီအရင်ခံစာအရ ပြည်နယ်အတွင်း သိမ်းဆည်းမြေယာနဲ့ပတ်သတ်ပြီး တစ်နှစ်အတွင်း တိုင်ကြားစာပေါင်း ၉၅ စောင်ရှိနေပြီး ဖြေရှင်းပြီး ၉၂ စောင်နှင့် ဆောာင်ရွက်နေဆဲ ၃စောင်တို့ ရှိနေတယ်လို့သိရပါတယ်။

မြေယာပြဿနာကိစ္စမှာ စစ်တပ်နှင့်ပြည်သူ အငြင်းပွားနေတဲ့ကိစ္စအပါအဝင်၊ လွိုင်ကော်မြို့ ဘူတာမြေကိစ္စမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ လူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ပေမယ့်လည်း အစိုးရမှ ယနေ့အထိ ဆောင်ရွက်ပေးမှု မရှိသေးဘူးလို့လည်းသိရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ ၊ မထောခူကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၂၅၉) ၊ ဦးပိုင်အမှတ်(၆) ၊ တောင်ယာမြေကိစ္စ ၊ လောပိတကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၃) မြေယာကိစ္စ ၊ လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၅၀) ၊ ပညာရေးကောလိပ်လျာထားမြေနေရာကိစ္စ၊ လွိုင်ကော်မြို့ ၊ နောင်ယား(က)ရပ်ကွက် ၊ လေယာဉ်ကွင်းအနီး ကွင်းအမှတ်(၁၉၆/၀၇၇-တောင်ကွင်း)၊ ဦးပိုင်အမှတ် (၅၅/၇၀)အား စည်ပင်သာယာရေးမြေအဖြစ် သတ်မှတ်ပြီး မြို့သာယာရေးခေါင်းစဉ်တပ်ကာ စက်မှု ၊ စီးပွားမြေငှားဂရန် ထုတ်ပေးထားခြင်းကိစ္စနှင့် လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်ရပ်ကွက်၊ ကွင်းအမှတ် (၁၆၆) မြေယာပြဿနာကိစ္စ စတဲ့ကိစ္စရပ်တွေကို အစိုးရက ပြည်သူဘက်ကနေ ရပ်တည်ဖြေရှင်းပေးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts