spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

မြောက်ပိုင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ KNDF တပ်ရင်း(၈) မှ တပ်ဖွဲ့ဝင် ၂၃ ဦး ပြန်လည်ရောက်ရှိ

ကန္တာရဝတီတိုင်း(မ်)

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ၂နှစ်တာ စစ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် KNDF တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်၂၃ဦးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကရင်နီပြည်ကို ပြန်လည်ရောက်ရှိပြီလို့ KNDF တပ်ရင်း (၈) ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

“မနေ့က ၂၈ ရက်‌နေ့ရောက်တယ်ပေါ့နော်။ ၂၈ ရက်နေ့ ၂လပိုင်းပေါ့ မနေ့ညပြန်ရောက်တယ်။ သွားတာတော့ ၂၇ ယောက်သွားတာပေါ့နော်။ အဲ့ဒီမှာ လေးယောက်ကျတယ်။ ကျန်တာတော့ ဒဏ်ရာ ထိခိုက် ဒဏ်ရာ နည်းနည်းပါးပါး တော့ ပြန်လာခဲ့ကြတယ်ပေါ့နော်” လို့ KNDF တပ်ရင်း (၈) ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေးအတွင်းမှာ ကျဆုံးသွားတဲ့ တပ်ရင်း (၈) မှ တပ်ဖွဲ့ဝင် ၄ ဦးဟာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပြီး ကျဆုံးသူ သုံးဦး နဲ့ တဦးမှာ လက်နက်ငယ်ထိမှန်ပြီး ဆေးကုသမှုခံယူရင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“တစ်ယောက်ကတော့ လက်နက်ငယ်နဲ့ သွေးထွက်လွန် ပြီးကျတယ်ပေါ့နော်။ ဆေးခန်းတွေနဲ့ ဝေးတဲ့အတွက် အဲ့လိုဖြစ်သွားတယ်။ နောက် ၃ ယောက် တော့ လက်နက်ကြီးပေါ့နော်။ ရန်သူရဲ့ လက်နက်ကြီးကြောင့် ကျတာပေါ့နော်။” လို့ တပ်ရင်းမှူးက ဆက်ပြောပါတယ်။

KNDF တပ်ရင်း(၈)မှာ တာဝန်တမ်းဆောင်ရင်း မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ လမ်းညွန်မှုအောက်မှာ လက်နက်ခဲယမ်းများ၊ စစ်ရေးနည်းဗျူဟာများကိုရယူဖို့ နဲ့ ၂နှစ်တာ တာဝန်ထမ်းဆောင်ဖို့ KNDF ဗဟိုကော်မတီမှ တပ်ရင်းတစ်ရင်းစေလွတ်ခဲ့ပြီး တပ်ရင်း (၈)က တပ်ဖွဲ့ဝင် ၂၇ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပြန်ရောက်လာကြတဲ့ တပ်ဖွဲ့ဝင် ၂၃ ဦးကို ပြည်သူ နဲ့ တပ်ရင်းကတပ်ဖွဲ့ဝင်တွေကနေ ကြိုဆိုခဲ့ကြပါတယ်။ မြောက်ပိုင်းစစ်ဆင်ရေးက မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ရေးပါဝင်လှုပ်ရှားခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်ရောက်လာတာဖြစ်တယ်လို့ KNDF တပ်ရင်း (၈) တပ်ရင်းမှူးက ပြောပါတယ်။

spot_img
spot_img