spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မှီခိုသူဘဝက လွတ်မြောက်ချင်သူ

Author

Date

Category

စူးမယ်

အိမ်မှုကိစ္စ၊ကလေးကိစ္စအပြင် တောင်ယာလုပ်ငန်းပါလုပ်ကိုင်နေရတဲ့ အိမ်ရှင်မ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ် ကွက်မှာ နေထိုင်တဲ့ အသက် ၃ဝ အရွယ် ကလေးတစ်ယောက်အမေ ကယားတိုင်းရင်းသူ မော်ဘူးမြာ က တော့ အကြမ်းဖက်မှုမျိုးစုံတပြိုင်တည်း ခံစားနေရကြောင်းကို အင်းအားချည့်နဲ့တဲ့ အသံနဲ့ ပြန်ပြောပြနေပါ တယ်။

သူဟာ မနက် မိုးလင်းတာနဲ့ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ ဈေးသွားကလေးထိန်း အလုပ်တွေကို တပြိုင်တည်းလုပ်နေရတဲ့အပြင် ရာသီအလိုက်လုပ်ရတဲ့ တောင်ယာလုပ်ငန်းတွေကိုလည်း မိသားစု စားဝတ်နေရေး အတွက် တစ်ယောက်ထဲ လုပ်ကိုင်နေရသူဖြစ်ပါတယ်။

သို့သော်လည်း သူရဲ့ အိမ်မှုကိစ္စ၊တောင်ယာလုပ်ငန်းလုပ်ကိုင်ခဲ့မှုတွေဟာ သူယောကျင်္ားအတွက်တော့ ဒါတွေကို အလုပ်တစ်ခုလို မမြင်ပါဘူးလို့ ဆိုပါတယ်။

“ဝင်ငွေရတဲ့ အလုပ်တစ်ခု မဟုတ်တဲ့အတွက် အမျိုးသားက အသိအမှတ် မပြုဘူး’’ လို့ ၎င်းက ပြောပါတယ်။

ကိုယ်ပိုင်ဝင်ငွေ မရှိတဲ့ မော်ဘူးမြာဟာ သူ့အမျိုးသားပေးတဲ့ ပိုက်ဆံထဲကနေပြီး ချိုးခြံပြီး မိသားစုအတွက် သုံးနေရတဲ့အတွက် ပိုက်ဆံမလောက်ငှမှုတွေဖြစ်တဲ့အခါ စကားများရန်ဖြစ်ရင်း သူ့အပေါ် ယောကျင်္ားဖြစ် သူက ကိုယ်ထိလက်ရောက် ပြုလုပ်တာတွေ ခံနေရတာဟာ အိမ်ထောင်ကျပြီး မကြာမီကတည်းကပင် ခံစားခဲ့ရတာဖြစ်ပါတယ်။

မော်ဘူးမြာအပါအဝင် အိမ်ထောင်ရှင်အမျိုးသမီးအများစုဟာ အခုလို လင်ယောကျင်္ားရဲ့ အကြမ်းဖက်မှု တွေကို ခံစားနေရတာဖြစ်ပြီး အများစုဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရတဲ့အပြင် စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုတွေကိုပါ တပြိုင်တည်းခံစားနေကြရတာဖြစ်တယ်လို့ Gender Equality Network Director ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

ထုံတမ်းစဉ်လာ၊ မိရိုးဖလာအယူအဆ၊ ဓလေ့ထုံးတမ်းနဲ့ ဘာသာတရားတွေကလည်း အကြမ်းဖက်မှုတွေကို အားပေးသလိုဖြစ်နေစေတယ်လို့ ဆိုပါတယ်။

ထိုအခြေအနေတွေကြောင့် မိသားစုကြား၊ မောင်နှမကြား၊ လင်မယားကြားဆိုတဲ့ ကြားသုံးကြားထဲ မဝင်ကောင်းဘူး ဆိုတဲ့ အယူအဆတွေကြောင့် ဘယ်သူမှ ကြားဝင် တားဆီး ကာကွယ်ပေးခြင်းမရှိတဲ့အတွက် အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ သားကောင် အများစု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ ညွန်ကြားရေးမှူး နော်သဝါးက “အကြမ်းဖက်မှုမှာ ခံနေရတဲ့သူတွေက ရေငုံနှုတ်ပိတ် နေတာက ကျူးလွန်သူတွေကို ပိုပြီး အားကောင်းစေတယ်” လို့ ပြောပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု ပုံစံအမျိုးမျိုးရှိနေပေမယ့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ထိခိုက်နစ်နာ စေသော ဓလေ့ထုံးစံအရ အကြမ်းဖက်မှုတွေဟာ အမျိုးသမီးများအပေါ်ကျရောက်နေတဲ့ အကြမ်းဖက်မှု အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

ဒီအချက်တွေ လျော့နည်းပပျောက်ဖို့အတွက် မကြာမီလွှတ်တော်သို့ တင်သွင်းရန် ကြိုးစားနေတဲ့ အမျိုး သမီး များအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမူကြမ်းတွင်လည်း ထည့်သွင်းထားတယ်လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ၊တရားလွှတ်တော်ရှေ့နေဒေါ်လှလှရီက ပြောပါတယ်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကွန်ဗင်းရှင်း (စီဒေါ) တွင် မြန်မာနိုင်ငံက ၁၉၉ရ ခုနှစ်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍ အဆိုပါ စီဒေါပါ အချက်တွေအရ အမျိုးသမီးများအပေါ် အပြည့်အဝ အကာအကွယ်ပေးနိုင်ဖို့လိုအပ်နေပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)ရဲ့ ၂၀၁၆ခုနှစ်အတွင်း မှတ်တမ်းများအရ အမှုများတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုမှာ ၂၁ရာခိုင်နှုန်းတွင် လိမ်လည်ကာမရယူမှု၊ မုဒိမ်းမှု၊ အသက် မပြည့်၊ ခိုးယူ ပေါင်းသင်းမှု၊ ဓမ္မတာနှင့် ဆန့်ကျင်တဲ့ အမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၅ရာ ခိုင် နှုန်းတွင် ရိုက်နက်မှု၊ လက်ရောက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်း ဖက် မှု ၃၈ရာခိုင်နှုန်းတွင် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ ဖောက်ပြန်မှု၊ အွန်လိုင်းမှ တဆင့်ညစ်ညမ်းပုံများ ပေးပို့မှု နဲ့ လူမှု စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၆ ရာခိုင်နှုန်းတွင် ကလေးစရိတ်၊ မယားစရိတ်၊ နစ်နာကြေးရယူ လိုမှု များ ပါဝင်ကြောင်းသိရပါတယ်။

တိုင်ကြားမှုပေါင်း ၁၀၀ဝ ကျော်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုအတွက်တိုင်ကြားမှုဟာ ၇၅ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ ထိုထဲတွင် အိမ်ထောင်ဖက်၊ မိသားစုဝင်၊ ရင်းနှီး ကျွမ်းဝင်သူ၊ လက်တွဲဖော်များက ကျူးလွန်တဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့ ( မြန်မာ)ရဲ့မှတ်တမ်းများအရ အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ၃၈ ရာခိုင် နှုန်းဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိုသို့ အမျိုးသမီးတွေ အကြမ်းဖက်မှု လျှော့ချနိုင်ရေးအတွက် အမျိုးသားနဲ့ အမျိုးသမီးအကြား ခွဲခြားဆက် ဆံမှု၊ လူမှုဆိုင်ရာ ပုံစံခံရမှု ၊ ထိခိုက်နစ်နာစေတဲ့ ယဉ်ကျေးမှုတွေကို အရင်ဆုံး ပြုပြင်ရန်လိုအပ်တဲ့အပြင် ပညာပေးလုပ်ငန်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကယားတိုင်းရင်းသူ မော်ဘူးမြာတစ်ယောက်ကတော့ အခုလိုလင်ယောကျင်္ားကို မှီခိုနေတဲ့ ဘဝ၊ လင် ယောကျင်္ား ရဲ့ငြိုငြင်ငြူစူခံနေရတဲ့ ဘဝ ၊ အနိုင်ကျင့်ခံရတဲ့ ဘဝကနေ လွတ်မြောက်ချင်ပြီလို့ ဆိုပါတယ်။

 

spot_img
spot_img

Recent posts