spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မွေးရာပါ အာသီးကွဲတဲ့ စစ်ရှောင်ကလေးဟာ မိခင်နို့မစို့နိုင်တဲ့အတွက် နို့မှုန့်လိုအပ်နေ

Author

Date

Category

CJ ( ကန္တာရဝတီတိုင်း( မ် ))

ဒီးမော့ဆိုအနောက်ဘက်ခြမ်း “ဆီးသူ့တော်”စစ်ရှောင်စခန်းမှာ ကလေးငယ်တစ်ဦးဟာမွေးရာပါ အာသီးမပါတာကြောင့်မိခင်နို့မစို့နိုင်ဘဲ အခက်အခက်တွေနဲ့ကြုံတွေ့နေရပါတယ်။

“ကလေးနာမည် အန်းဂျာလာ အသက်က ၁၀လ လောက်ရှိပြီ မွေးရာပါ အာသီးကွဲနေတော့ သူ့အမေနို့မစို့နိုင်ဘူးပေါ့။ ခုတော့ အဲ့ဒီ နို့မှုန့်ဘဲတိုက်နေရတယ်ပေါ့။ စျေးပိုသက်သာတယ်ပေါ့ အဲ့ပင်ဂွင်း(နို့မုန့်) ကို တိုက်ရင်လဲ သူချောင်းဆိုးရင်ကျပ်တာတွေဖြစ်နေတယ်လေ။ မတိုက်လဲမရဘူးကော အခြားဟာလဲမဝယ်နိုင်ဘူး” ဟု ကလေးမိဘက ပြောကြားလာပါတယ်။

ကုန်စျေးနှုန်းတွေစျေးတက်လာတာကြောင့် ကလေးအတွက် ပိုကောင်းတဲ့ နို့မုန့်အမျိုးအစားကို ဝယ်မပေးနိုင်တဲ့အပြင် လက်ရှိတိုက်ကျွေးနေတဲ့ စျေးသက်သာတဲ့ နို့မုန့်ကိုတောင် ဝယ်ဖို့အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ကလေးငယ်ရဲ့ အာသီးကို ကုသလို့ရပေမယ့် ၁နှစ်ခွဲ မှ ကုသနိုင်မှာဖြစ်တယ်လို့ လည်းမိဘတွေကပြောပါတယ်။

“မွေးပြီး၁လမှသိရတာ သိတော့ဆရာဝန်ကိုသွားပြတယ် ပြန်ချုပ်လို့ရတယ်တဲ့ တောင်ကြီးမှာ ဒါပေမဲ့ ကလေး အသက် ၁နှစ်ခွဲလောက်မှ အဆင်ပြေမယ်လို့ပြောတယ်” လို့ မိခင်ဖြစ်သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်နေရတဲ့ မိဘတွေကိုယ်တိုင်မှာ စစ်ရှောင်စခန်းမှာနေထိုင်နေကြရပြိး စားဝတ်နေရေးမပြေလည် ဘူးလို့လည်း သိရပါတယ်။

“အဓိကစားနပ်ရိက္ခာပေါ့ ဆန်တွေလဲမထုတ်ပေးတော့အဆင်မပြေဘူး အလှူရှင်တွေမလာတာတော်တော်ကြာနေပြီ အဲ့တာဆန်တွေမရှိဘူးဆို သူများနားဘဲသွားတောင်း တယ်။ ဥက္ကဋ္ဌ နားဘဲသွားတောင်းနေရတယ်လို့” မိဘဖြစ်သူတွေက ပြောပါတယ်။

ထိုစစ်ရှောင်မိသားစုဟာ စစ်ရှောင်နေစဥ် ကလေးမွေးဖွားခဲ့ရပြီး စစ်ရှောင်နေတာ ၁နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

spot_img
spot_img

Recent posts