spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်းအပေါ် IPCM ကန့်ကွက်ရှုံချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်းအပေါ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တာပါ။

ရှင်ဒေဝီဟာ ဖမ်းဆီးခံရစဥ်အတွင်း စစ်ကြောရေးမှာ မတရားနှိပ်စက်ခံရခြင်းအတွက် စစ်ကောင်စီမှ တာဝန်ခံရမှာဖြစ်တယ်လို့ IPCM က ဆိုပါတယ်။

မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းဟာ သတင်းမီဒီယာကျင့်ဝတ်အရဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊ တည်ဆဲဥပဒေများအရဖြစ်စေ ပြည်သူတို့ရဲ့ သတင်းရယူသိရှိပိုင်ခွင့် (Right to Information) ကို တရားဝင် လုပ်ဆောင်ပေးခြင်းသာဖြစ်သဖြင့် လွတ်လပ်စွာ သတင်းရယူ တင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေတဲ့အတွက် မတရားဖမ်းဆီးခံထားရတဲ့ သတင်းသမားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း IPCM ကတောင်းဆိုပါတယ်။

spot_img
spot_img

Recent posts