spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယခင်နှစ်ထက် ဈေးတစ်ဆနီးပါးရတဲ့ ကယန်းဒေသထွက် ငရုတ်သီး

Author

Date

Category

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ကယန်းဒေသကထွက်ရှိတဲ့ ငရုတ်သီးတွေကို ပွဲစားတွေက ယခင်နှစ်ကထက် ဈေးတဆ လောက်ပိုပေးဝယ်နေတာကြောင့် ဈေးကောင်းရနေတယ်လို့ ငရုတ်စိုက်တောင်သူတွေက ပြောဆိုကြပါတယ်။

ငရုတ်သီးဈေးကောင်းရတဲ့အပေါ် အလယ်ကယန်းဒေသက ငရုတ်စိုက်တောင်သူ စခွန်းကြီးမောင်က “အရင်တစ်နှစ်က ဈေးနှုန်းက ရှစ်ထောင် ၊ တစ်သောင်း ဘားဆုံးပဲ။ ဒီတစ်နှစ်ကတော့ တစ်သောင်းရှစ်ထောင် များတယ်။ တစ်သောင်းကိုးထောင်၊ နှစ်သောင်းကတော့ တစ်ချက်တော့ဝင်တယ်။ ဒါပေမယ့် တစ်သောင်းနဲ့ ကိုးထောင်၊ တစ်သောင်း ရှစ်ထောင်ငါးရာ များတယ်။” လို့ ငရုတ်သီးကို နှစ်ဧက စိုက်ပျိုးထားပြီး ပိဿချိန် ၁၇၀ လောက် ထွက်ရှိတယ်လို့ ငရုတ်စိုက် တောင်သူ စခွန်းကြီးမောင်က ဆိုပါတယ်။

ယခင်နှစ်က ငရုတ်သီးခြောက် ၁ ပိဿကို အလွန်ဆုံး ကျပ်တစ်သောင်းထိပဲ ဈေးပေါက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ တစ်သောင်းကိုးထောင်လောက်ထိ ဈေးပေါက်လို့ တစ်ဆပ်လောက်ဈေးပိုရနေတာပါ။

ကယန်းဒေသထွက် ငရုတ်သီးဟာ ဒေသအခေါ် ကုလားအော်သီး အမျိုးအစားဖြစ်ပါတယ်။

အလယ်ကယန်းဒေသက တောင်သူ စမူကာမေးလာ ကလည်း လက်ရှိဈေးနှုန်းနဲ့ ငရုတ်သီးစိုက်ပျိုးရတာ တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။

“အရင်နှစ်ထက် စာလို့ရှိရင်တော့ ဒီနှစ်ပိုကိုက်တယ်ပေါ့နော်။ ဘာဖြစ်လဲဆို အရင်တစ်နှစ်က ငရုတ်သီးဈေးလည်း မရှိဘူး။ ငရုတ်သီးထွက်နှုန်းလည်း ဒီတစ်နှစ်လို ပုံစံ တူတူပဲလေ။ အဲ့ခါကျတော့၊ ဒီတစ်နှစ်ခါကျတော့ ပေါင်းလိုက်တဲ့နေရာမှာလည်း သက်သာတာပေါ့နော်။ ပေါင်းက အချိန်ပြည့် လိုက်ပေးတဲ့အခါကျတော့ ပေါင်းလိုက်တဲ့နေရာမှာ အရမ်းအခက်အခဲမရှိတဲ့ အတွက်ကြောင့်ပေါ့နော်။ ဒီတစ်နှစ်ငရုတ်ထွက်နှုန်းလည်း၊ သူ့ဈေးလည်း ကောင်းတဲ့အခါကျတော့ တအားကိုက်လားဆိုတော့လည်း မကိုက်ဘူး။ မကိုက်ပြန်ဘူးလား ပြန်တွေးကြည့်တော့လည်း ကိုက်တာပေါ့နော်။”လို့ စမူကာမေးလာက ပြောပါတယ်။

စမူကာမေးလာဟာ ငရုတ်သီး တစ်ဧကလောက် စိုက်ပျိုးထားပြီး ပိဿချိန် ၅၀ ကျော်ထွက်ရှိထားတယ်လို့ ဆိုပါတယ်။

အခုလို အဆင်ပြေတဲ့ ငရုတ်စိုက်တောင်သူတွေ ရှိသလို ရာသီဥတုအခြေအနေနဲ့ ပိုးမွှားကျရောက်မှုကြောင့် ငရုတ်သီးအထွက်နှုန်းကျဆင်းပြီး တွက်ခြေမကိုက်တဲ့ တောင်သူတွေလည်း ရှိပါတယ်။

ကယန်းဒေသထွက် ငရုတ်သီးတွေကို ရွှေ့ပြောင်းတောင်ယာစနစ်တဲ့ စိုက်ပျိုးကြတာဖြစ်ပြီး မေလမှာ စတင်စိုက်ပျိုးကြသလို အောက်တိုဘာလလောက်မှာ စတင်ခူးဆွတ်ကြတာပါ။

စတင်ခူးဆွတ်ချိန်ကစလို့ ငရုတ်ပင်အခြေအနေပေါ်မူတည်ပြီး ၅ ကြိမ်လောက်အထိ ခူးဆွတ်လို့ရ တယ်ဆိုပါတယ်။

ကယန်းဒေသက တောင်သူတွေဟာ ငရုတ်သီးခူးဆွတ်တဲ့ ရာသီကို ငရုတ်သီးစိုက်တောင်သူတွေရဲ့ လစာထုတ်ချိန်လို့လည်း ဆိုကြပါတယ်။

spot_img
spot_img

Recent posts