spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယခုနှစ် ပြောင်းဖူးစိုက်တောင်သူတွေ စျေးကောင်းရ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ယခုနှစ် ပြောင်းစိုက်တောင်သူတွေအတွက် ပြောင်းရောင်းတဲ့စျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်ထက် ဈေးကောင်းပိုရတယ်လို့ ပြောင်းစိုက် တောင်သူတွေက ပြောကြပါတယ်။

” ပြောင်းဖူးက စျေးကောင်းတယ်လို့ သူများပြောကြတယ်။ စျေးကောင်းရတော့ ကျမတော်တော် ၀မ်းသာရတယ်။ ဘာလို့ဆို ကျမတို့က တခြားကောက်ပဲသီးနှံတွေ စိုက်လို့မရဘူးလေးနော။ပြောင်းဖူးပဲ စိုက်နိုင်တာ ပြောင်းဖူးက စျေးကောင်းတယ်ဆိုတော့ လုပ်ရလည်းပိုပျော်တယ်။ လုပ်အားခတွေလည်းပိုသက်သာတယ်လေး “လို့ ပြောင်းဖူးစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကိုင်းမူက ပြောပါတယ်။

အရင်နှစ်‌မှာတော့ ပြောင်းဖူး‌ဆံ အစို ၁ပိဿာကို ၆၀၀ ကျပ် ရှိပြီး ဒီနှစ်မှာတော့ ၇၅၀ကျပ် ၊ အခြောက်စျေး ၁ပိဿာကို အရင်နှစ်က ၉၀၀ ကျပ် ရှိပြီး ဒီနှစ်မှာ ၁၀၀၀ ကျပ်ထိ ပေါက်စျေးနဲ့ ပေးပြီး ၀ယ်ယူတယ်လို့ ပြောင်းဖူးရောင်း၀ယ်သူဆီကနေ သိရပါတယ်။

လက်ရှိကရင်နီပြည်မှာ နိုင်ငံရေးအခြေအနေအရ လယ်စပါးတွေ နဲ့ ကောက်ပဲသီးနှံတချို့ တို့ကို စိုက်ပျိုးဖို့မလွယ်ကူတာကြောင့် တောင်သူတွေဟာ ပြောင်းဖူးစိုက်ပျိုးမှု များပြားကြပါတယ်။

အခုလို ပြောင်းဖူးစျေးကောင်းရတာကြောင့် တောင်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ပြောင်းဖူးစိုက်စေချင်ပြီး စစ်ရှောင်တွေအတွက် မျိုးစေ့ထုတ်ပေးဖို့လည်း အလှူရှင်တွေကို မေတ္တာရပ်ခံချင်တယ်လို့ ပြောင်းဖူးရောင်း၀ယ်သူတစ်ဦးက ပြောပါတယ်။

“လုပ်ခိုင်းစေချင်ပါတယ်။ အထူးသဖြင့် အခုစစ်ဘေးရှောင်နေတဲ့ကာလထဲမှာပေါ့နော။ နေရာဒေသတော့ သူပိုင်တာတော့မဟုတ်ဘူးပေါ့နော။သူစစ်ရှောင်တဲ့နေရာမှာ ရွာခံတွေကပေါ့နော။တတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင် စစ်ဘေးရှောင်ကိုပေးလုပ်ခိုင်းစေချင်ပါတယ်။ နောက် ဒုတိယတစ်ချက်အနေနဲ့ပေါ့နော တစ်ကယ်လို့အလှူရှင်တွေပေါ့နော။တတ်နိုင်တဲ့လူတွေ စစ်ဘေးရှောင်တွေကို မျိုးစေ့တွေထုတ်ပေးဖို့မေတ္တာရပ်ခံချင်တယ်ပေါ့နော”လို့ ပြောင်းဖူးရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။

ပြောင်းဖူးရောင်းစျေး ကောင်းပေမဲ့ ဆန်စျေးနဲ့ တခြားကုန်ပစ္စည်း၊ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် တချို့တောင်သူတွေအတွက်တော့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts