Monday, January 25, 2021

ယခုနှစ် မိုးမကောင်းလို့ ရှားတောမြို့နယ်မြောက်ပိုင်းကျေးရွာတွေမှာ သီးနှံအရနည်း

Must read

ဒီးမော့ဆိုမြို့နယ် ကဖု ကျေးရွာရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ နောင်ပုလဲ ကျေးရွာ အုပ်စု (၄) မိုင်၊ ကဖု ကျေးရွာမှာ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ယနေ့ မနက်( ၀၁-၀၀)နာရီ...

ပျောက်ကွယ်လာတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်ရေးစနစ် (ခေါ်) “ကေး” စနစ်

https://youtu.be/0suzds8RR-Q စိုးထိုက်အောင် “ကေး” ဆိုတာ ကယား(ကရင်နီ) အသုံးနှုန်းတခုကပါ။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ “ပြည်၊ တိုင်းပြည်၊ ပိုင်နက်” လို့ အဓိပ္ပါယ်ရပါတယ်။

ဇန်နဝါရီလ စတ္တုထအပတ် ကယောဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/zgrgmszzpsid ကယောရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယော)(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ‘ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ’ ဆိုတဲ့သတင်းနဲ့ ‘တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်’...

ဇန်နဝါရီလ စတ္တုထအပတ် ကယန်းဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/tzpws4pfhlt9 ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျတိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယန်း)(စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ' ဆိုတဲ့သတင်းနဲ့ 'တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်' သတင်းနဲ့အတူ 'မပြီးဆုံးသေးတဲ့...

မီမြာ

ယခုနှစ်မိုးမကောင်းတဲ့အတွက် ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာတွေမှာ သီးနှံအထွက်နည်းနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ရဲ့ ရှားတောမြို့နယ် မြို့နယ်မှူး ခူးမဲရယ်ကပြောပါတယ်။

“ဒီတနှစ် မိုးမကောင်းဘူး။ သူတို့က အများအားဖြင့် တောင်ယာပဲလုပ်ကြတာ။ လယ်လုပ်တာနည်းတယ်။ နှမ်းတွေလုပ်တယ်။ ဆိုတော့ မိုးမရွာတဲ့ အခါကျတော့ အများကြီးဆုံးရှုံးတယ်။” လို့ ကွင်းဆင်းလေ့လာခဲ့တဲ့ ရှားတောမြို့နယ် မှူးခူးမဲရယ်ကပြောပါတယ်။

သီးနှံရိတ်သိမ်းတဲ့အခါ ခါတိုင်းနှစ်တွေရဲ့ ၄ပုံ ၁ပုံလောက်ကိုသာ ပြန်လည်ရရှိတဲ့အတွက် မြောက်ဘက်ပိုင်းရွာတချို့မှာ စားဝတ်နေရေးအခက်အခဲရှိနေကြတယ်လို့ ခူးမဲရယ်ကပြောပါတယ်။

အခုနှစ် မိုးနည်းတာကြောင့် အရှေ့မြောက်ဘက်ပိုင်းက ကျေးရွာ ဖြစ်တဲ့ နန်းအွမ်လေး၊ ဒေါကတယ်၊ တေလွယ်၊ ဒေါလယ်ခူနဲ့ နန်းကြိုင်းလေး ရွာဘက်တွေမှာ သီးနှံတွေ မရကြဘူးလို့ သိရပါတယ်။

ရှားတောမြို့ ဒေါအီစာ ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကတော့ စိုက်ပျိုးရေးအဆင်မပြေတဲ့အတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“လယ်လည်းမလုပ်နိုင်ဘူး လယ်က ရေမရှိတဲ့အတွက် မလုပ်နိုင်ဘူး။ တောင်ယာပဲလုပ်တော့တယ် မလုံလောက်တော့ဘူး။ အရင်နှစ်တွေဆို ရေရှိတယ် လယ်တွေလုပ်တယ် အဲ့ကြောင့် စားသောက်ဖို့ လောက်တယ်။ အခုက မိုးသိပ်မရွာတော့ ရေမရှိတဲ့အတွက် လယ်မလုပ်နိုင်တော့ဘူး။ တောင်ယာဆိုရင်လည်း မိုးမကောင်းတော့ အသီးလည်း သိပ်မရဘူး။ ရသင့်သလောက်မရတော့ စားဖို့မလောက်ဘူးဖြစ်သွားတယ်။” လို့ ဒေါ်စူးမြာကပြောပါတယ်။

အခုလို စားဝတ်နေရေးမဖူလုံကြတဲ့အတွက် ဝမ်းရေးအတွက် ရှာဖွေတတ်တဲ့ နည်းလမ်းနဲ့ ရှာဖွေနေကြတယ်လို့ ပရေစိုးလေး လူငယ်ကော်မတီ အတွင်းရေးမှူး မော်မဲမိုကပြောပါတယ်။

“ တောင်ဘက်ပိုင်းက ဖူလုံမှုရှိတယ် ဒါပေမယ့် မြောက်ဘက်ပိုင်းက ဖူလုံမှုမရှိဘူး မိုးကလည်းမကောင်းဘူးဆိုတော့ ဒီတစ်နှစ်မှာ သူတို့တွေက လေးလ ငါးလ အဲ့လောက်ပဲ ဖူလုံမှုရှိတော့တယ်ပေါ့။ ကျန်တဲ့လမှာ သူတို့တွေက တောမှာရှိတဲ့ အင်ဥတွေ သစ်ရွက် သစ်ဖုတွေ အဲ့တာတွေကို ရှာပြီးတော့မှ ရောင်းပြီးတော့မှ ရှာဖွေစားသောက် နေရတဲ့ အခြေအနေမျိုးပဲ လုပ်နေကြသေးတယ်ပေါ့ အထူးသဖြင့် ဒီမြောက်ဘက်ပိုင်းပေါ့ ဘာလို့လဲဆိုတော့ မြောက်ဘက်ပိုင်းက ပိုပူတယ် မိုးလည်းမကောင်းတော့ စပါးအဆင်မပြေဘူး။ တောင်ဘက်ပိုင်းလိုမျိုး စပါးထွက်နှုန်းကမကောင်းဘူး တောင်ဘက်ပိုင်းက တစ်နှစ်စာ တစ်နှစ်စာတော့ ဖူလုံတယ်ပေါ့ ” လို့ မော်မဲမိုကပြောပါတယ်။

အဲ့လို အခက်အခဲဖြစ်နေတဲ့အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPအနေနဲ့ ကွင်းဆင်းလေ့လာပြီး ရရှိလာတဲ့ အချက်အလက်တွေအရ ဒေသခံတွေကို ကူညီပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရှားတောမြို့ရဲ့ KNPPမြို့နယ် အုပ်ချုပ်ရေးမှူး ခူးမဲရယ်ကပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ သူတို့ကို ကူညီပေးနိုင်မယ့်လူကို ရှာပေးရမှာပေါ့။ ကျနောတို့ ကောက်ယူရရှိတဲ့အချက်အလက်တွေကို ကူညီပေးနိုင်မယ့်သူတွေကို ပြောပြပေးသွားမယ်။ ကျနော်တို့ အဖွဲ့အစည်း ဌာနဘက်ကို တင်ပြပေးသွားမယ်။ ပြီးတော့ ကျနောတို့ ဌာနဘက်က ရှာပေးနိုင်မယ်လို့ ကျနော်မျှော်လင့်တာပေါ့။” လို့ ခူးမဲရယ်ကပြောပါတယ်။

ရှားတောမြို့နယ်ဟာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNPP လှုပ်ရှားသွားလာနေတဲ့ ဒေသဖြစ်ပြီး တစ်မြို့နယ် လုံးမှ လူဦးရေ ခုနှစ်ထောင်ကျောသာ ရှိပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ဒီးမော့ဆိုမြို့နယ် ကဖု ကျေးရွာရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ နောင်ပုလဲ ကျေးရွာ အုပ်စု (၄) မိုင်၊ ကဖု ကျေးရွာမှာ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ယနေ့ မနက်( ၀၁-၀၀)နာရီ...

ပျောက်ကွယ်လာတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာအုပ်ချုပ်ရေးစနစ် (ခေါ်) “ကေး” စနစ်

https://youtu.be/0suzds8RR-Q စိုးထိုက်အောင် “ကေး” ဆိုတာ ကယား(ကရင်နီ) အသုံးနှုန်းတခုကပါ။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ “ပြည်၊ တိုင်းပြည်၊ ပိုင်နက်” လို့ အဓိပ္ပါယ်ရပါတယ်။

ဇန်နဝါရီလ စတ္တုထအပတ် ကယောဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/zgrgmszzpsid ကယောရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယော)(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ‘ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ’ ဆိုတဲ့သတင်းနဲ့ ‘တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်’...

ဇန်နဝါရီလ စတ္တုထအပတ် ကယန်းဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/tzpws4pfhlt9 ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျတိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယန်း)(စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ' ဆိုတဲ့သတင်းနဲ့ 'တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်' သတင်းနဲ့အတူ 'မပြီးဆုံးသေးတဲ့...

“ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်မရသေးဘူး” လို့ ဆိုတဲ့ ဆရာမာတီးယာ နဲ့ တွေ့ဆုံမေးမြန်းခြင်း

အန်ထော်နီ ဆရာမာတီးယာဟာ ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသူဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘယ်လိုစောင့်ကြည့်နေရသလဲ၊ ဘာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်ဖို့ လိုသလဲ၊ ဆိုတာတွေကို ကန္တာရဝတီတိုင်း(မ်)က ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက...

Comments

comments