spot_img
Friday, March 24, 2023
spot_img

ယနေ့တိုက်ပွဲပြင်းထန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး စစ်ကောင်စီတပ်မှ (၃၀)ဦးသေ (၃၀)ဦးထိခိုက်ဒဏ်ရာရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ယနေ့ စက်တင်ဘာလ (၂၉)ရက်နေ့ လွိုင်ကော်မြို့ ကုန်းသားကျေးရွာအနီး နေ့ခင်း ၁၂နာရီမှ ညနေ ၅နာရီအချိန်ထိ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KNDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ (၃၀)ဦးသေဆုံးပြီး (၃၀)ဦးထိခိုက်ဒဏ်ရာရတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက်နက်အပြည့်တင်လာတဲ့ ကားတစ်စီးကို KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခေါင်းမိုင်းတောင်နဲ့ မိုးဗြဲသဲတောင်စခန်းကို KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ တပ်ဆုတ်ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံ PDF ကလည်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲဖက်မှ ဖယ်ခုံ-လွိုင်ကော် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း (၄၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖယ်ခုံ PDF (အင်းအရှေ့ခြမ်းတပ်ခွဲ)၊ လွိုင်ကော် PDF၊ ဒီမော့ဆို PDF နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၂၉)ရက်နေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနဲ့ ခမရ-၄၂၂ ကြားမှာလည်း မိုးဗြဲPDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး ခမရ ၄၂၂ မှ ကုန်းသားကျေးရွာဖက်ကို လက်နက်ကြီးပစ်ကူပေးတဲ့အတွက် မိုးဗြဲ PDF နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ညနေ ၃နာရီအကျော်မှာလည်း ဖယ်ခုံမြို့ အမှတ်-၇ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ဖက်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုတဲ့အတွက် ဖယ်ခုံ PDF နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူနေအိမ်ရှိရာဖက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့အတွက် နေအိမ်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ-မိုးဗြဲ-ဒီးမော့ဆို-လွိုင်ကော်မြို့နယ်ရှိ ပြည်သူများသည် စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ပွဲရဲ့ဆိုးကျိုးဒဏ်ကို အလူးအလဲခံစားနေရတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်များမှ လက်နက်ကြီးတွေနဲ့ တနေကုန်နီးပါး ပစ်ခတ်ခဲ့တယ်လို့ ည ၇နာရီအကျော်အထိ အဆက်မပြတ် ပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...