spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

ယနေ့တိုက်ပွဲ ၁၀နာရီဝန်းကျင်ခန့်ကြာမြှင့်၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် ကုန်သာကျေးရွာ၊ သေးဆူလဲကျေးရွာနဲ့ ကျောက်ဆည်ကန်တို့မှ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားသလို အကြမ်းဖက်စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးပြီး ထိုထက်မက ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ KNDFသတင်းနှင့်ပြန်ကြားရေးဌာနမှ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဖက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်ခဲ့ပြီး မနက် ၈း၄၅ မှစ ညနေ ၇ နာရီအထိ ၁၀နာရီဝန်းကျင်အကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒီမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးတွေနဲ့ ည ၇နာရီကျော်အထိ အဆက်မပြတ်ရမ်းသန်းပစ်ခတ်လျက်ရှိသလို ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာမှာ ဝင်ရောက်တပ်စွဲလျက်ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များမှ ခုခံတိုက်ခိုက်လျက်ရှိနေပါတယ်။

spot_img
spot_img