spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယနေ့ ဒီးမော့ဆို တိုက်ပွဲအတွင်း KNDF ရဲဘော် နှစ်ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ စက်တင်ဘာလ ၂၄ရက်နေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့တွင်း တစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရ သိရှိရပါတယ်။

ကျဆုံးသွားသူမှာ KNDF B-01 တပ်ခွဲ ( ၂ ) ရဲဘော် သာဒင်နဲ့ စောစေးဒိုထူး တို့ဖြစ်ပြီး လက်နက်ကြီးထိမှန်ကျဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် သာဒင်နဲ့ စောစေးဒိုထူးတို့ဟာ အသက် ၂၀ ဝန်းကျင်သာရှိသေးတာဖြစ်ပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံး၊ အထိအခိုက်ရှိပေမယ့် အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလက်အရ စက်တင်ဘာလ ၁ရက်နေ့ကနေ ၂၄ရက်နေ့အထိ ဒေသတွင်း တိုက်ပွဲတွေမှာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂ဦး ကျဆုံးသွားပြီ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts