ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ပထမအသုတ်အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှု အဖြေကို ထုတ်ပြန်ခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၅)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ယနေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၃၂) ဦး ရှိသွားပြီ ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၃၂) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ (၅)ဦး ရှိပြီ ဖြစ်သည်။