spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

ယမန်နေ့က ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာကို လက်နက်ကြီး ကျရောက်၊ လူထိခိုက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယမန်နေ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့ပြီး
ညနေ (၇)နာရီဝန်းကျင်အချိန် စစ်ရှောင်တစ်နေရာကို လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် စစ်ရှောင်တဲအိမ်တစ်လုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။

“ ဘယ်အချိန်လောက်လဲဆိုရင် ၇နာရီ ထိုးပြီထင်တယ်။ ကျမတို့ ဆိုင်သွားတော့ တဲမှာမရှိဘူး။ နောက် လက်နက်ကြီးကလာတော့ ကလေးက ကြောက်ပြီး တစ်ယောက်တစ်နေရာစီ သွားပုန်းကြ၊ ကျင်းလည်းမရှိတော့ သူတို့ တောင်နောက်မှာပဲ သွားပုန်းကြတာပေါ့နော။ သူတို့ လက်နက်ကြီး သုံးလုံးပစ်ပြီးတော့ ကျမတို့ camp(စခန်း)မှာ ပြန်ရောက်တော့ camp(စခန်း)မှာပဲကျတော့ တဲတစ်လုံး ထိတယ်ပေါ့။ “

အဲဒီစစ်ရှောင်နေရာ အနီးတစ်ဝိုက်တွေမှာတော့ လက်နက်ကြီး ကျရောက်တာတွေ လေကြောင်းတိုက်ခိုက်ခံရမှုတွေလည်း ရှိနေတာြဖစ်ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာပါ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်နေတာြဖစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၈)ရက်နေ့မှာဆိုရင် ဘောလခဲမြို့ ၊ စောလုံကျေးရွာအုပ်စု လွယ်ဝိန်းကျေးရွာထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦး ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

Recent posts