spot_img
Sunday, February 5, 2023
spot_img

ယမန်နေ့ည စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးပွဲချင်းပြီးသေဆုံး

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – DMO-PDF

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ၊ ဆောင်ဒူလာ ကျေးရွာအုပ်စုအတွင်း ကျေးရွာတစ်ရွာမှာ ယမန်နေ့ည က ကျေးရွာအတွင်း နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ်အတွင်းက အသက် (၅၄)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် (၁၈)နှစ်အရွယ် သမီးဖြစ်သူ၊ (၅)နှစ်အရွယ် မြေးဖြစ်သူ နဲ့ အသက် (၁၅)နှစ်အရွယ်အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အသက် (၁၈)နှစ် သမီးဖြစ်သူကတော့ ဝမ်းဗိုက်ဆီးအိမ်နား ထိသွားတဲ့အတွက် အခြေအနေ စိုးရိမ်ရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ ထိခိုက်ဒဏ်ရာရတဲ့သူ သူ့ရဲ့ သမီး (၁၈)နှစ် တစ်ယောက်ပေါ့နော။ လောလောဆယ်တော့ စိုးရိမ်ရတဲ့ အထဲမှာပါတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူက လုံးဝ ဗိုက်ထိထားတယ်လေ။ ဆီးအိမ်လည်း ထိထားခါကျတော့ သူက စိုးရိမ်ရတဲ့ အခြေအနေထဲမှာတော့ ရှိတာပေါ့။ သူ့ရဲ့ အဖေကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။”  လို့ DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်တဲ့ကျေးရွာမှာဆိုရင်လည်း ဒေသခံတွေအပြင် စစ်ရှောင်ပြည်သူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်က ယမန်နေ့ (ဇွန်လ ၁၀ရက်) ည ၉ နာရီဝန်းကျင်အချိန် လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေညတွင်းချင်း ထပ်မံ တိမ်းရှောင်နေကြတာတွေ လည်း ရှိတယ်လို့ သိရပါတယ်။

“ ၅လုံး ၆လုံးလောက်ပစ်တယ်။ အိမ်တစ်လုံးလည်း ထိတယ်ဆိုတော့ ကြောက်လန့်ပြီး ထပ်မံ တိမ်းရှောင်နေတာတော့ ရှိတယ်။ ပြည်သူတွေက ကြောက်တယ်လေ။ လက်နက်ကြီး ကျတယ်ဆိုတော့ ထိလည်း ထိတယ်။ အိမ်လည်း တည့်တည့်ထိတယ်ဆိုတော့ သူတို့ ညတွင်းချင်း ရွေ့ပြောင်းသွားတဲ့ သူတွေလည်း ရှိတယ်။” လို့ သူက ဆက်ပြောပြပါတယ်။

ယမန်နေ့ ဒီးမော့ဆို ခေါက်ပလော့ကျေးရွာ မှာတိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

ဇွန်လ (၁၀)ရက်နေ့အထိ ကရင်နီပြည်မှာဆိုရင် လက်နက်ကြီး ကြောင့် အရပ်သားပြည်သူ သေဆုံးသူ (၅)ဦးအထိ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် (၁)ဦး၊ မိုင်းနင်းမိတဲ့အတွက် (၁) ဦး သေဆုံး ခဲ့ရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်တိုက်ပွဲအတွင်း စစ်ကောင်စီ (၁၅)ဦး ထက်မနည်းသေဆုံး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ပျက်စီးမှုရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် လွိုင်ကော်မြို့နယ်တစ်နေရာမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၄ရက်) ည အချိန် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။ “ ရန်သူဖက် ၁၅ယောက်သေတယ်လို့ ပြောတယ်။ ကျနော်တို့ဖက် KNDFက တစ်ယောက် ဒဏ်ရာရတယ်။ PDFဖက်က...

မိုးဗြဲစျေးမှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဈေးပိတ်သိမ်းခဲ့

ကန္တာရဝတီတိုင်း( မ် ) ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့ လည် ၁၂ နာရီ ဝန်းကျင်အချိန်မှာ ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့ စျေးထဲ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်ဒေသခံတွေဆီကနေ သိရပါတယ်။ “စျေးထဲမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်လေ။ နောက်ကျနော်ကြည့်တဲ့အခါတော့...

လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ဆေးခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ (ဖေဖော်ဝါရီလ ၃ရက်) က ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ဆေးခန်းတစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။ “ မနေ့ည ၆နာရီ ခွဲပေါ့ အဲ့မှာ လေယာဉ်တစ်စင်းနဲ့ လာပစ်တယ်။...

ကရင်နီပြည်မှာ ဇန်နဝါရီလ တစ်လအတွင်း တိုက်ပွဲ (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်မှာ ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကော်စီဖက် (၂၂)ဦး သေဆုံးခဲ့သလို KNDFမှရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ (ဖေဖော်ဝါရီ ၃ရက်နေ့ ) မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့သလို လက်ရှိအချိန်ထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက...