spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို လက်နက်ကြီးတွေကြောင့် ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့မှာ ယမန်နေ့ ( ဇွန်လ ၁၆ ရက်နေ့ ) အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မိုးဗြဲ PDF ရွှေလင်းယုန်တပ်ခွဲကနေ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မိုးဗြဲ ၄၂၂ တပ်နဲ့ လွိုင်ကော်တို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ရပ်ကွက်တွေကို လက်နက်ကြီး အများဆုံးကျရောက်ပြီး နေအိမ်ထိခိုက်မှုတွေလည်း ပိုများနေတယ်လို့ မိုးဗြဲ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မနေ့ညဖြစ်တာပေါ့။ မနက်ပိုင်း ၇ နာရီဝန်းကျင် ၈ နာရီထိုးတော့မယ်ထင်တယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲတော်တော်ပြင်းထန်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ လွိုင်ကော်ကနေ အမြောက်တပ် လက်နက်ကြီးတွေ တော်တော်ပစ်ကူတယ်ပေါ့။ နေအိမ်တွေလည်း တော်တော်ထိတယ်။” လို့ မိုးဗြဲ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာမိုးဗြဲမြို့တွင်း ဝင်လို့မရသေးတဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ မိုးဗြဲမြို့မှာ ဒေသခံတွေ တော်တော်များများ နီးစပ်ရာ မြို့နယ်တွေကို စစ်ဘေးရှောင်သွားကြပါတယ်။

စစ်ရှောင်တွေဟာ ကမန်းကတန်းထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် ရိက္ခာတွေအပြည့်အစုံပါမလာပဲ နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်သယ်ဖို့ ကြိုးစားခဲ့ပေမယ့် ပစ်ခတ်ခံရတာတွေ ရှိနေတယ်လို့ မိုးဗြဲ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“သူတို့ပြန်လာသယ်တာက စစ်ဖြစ်တဲ့နေရာတွေပေါ့နော။ သူတို့နေအိမ်လည်း စစ်ဖြစ်တဲ့နေရာ။ စစ်ဖြစ်တဲ့အချိန်မှာ သူတို့ ကမန်းကတန်းသွားရတယ်။ သူတို့လုံခြုံတဲ့နေရာမှာ သူတို့နေတယ်ဟုတ်ပြီ။ ဒါပေမယ့် စားနပ်ရိက္ခာက တစ်ရက်နှစ်ရက်ပဲ လုံလောက်တယ်။ ပြီးတော့မှ အိမ်မှာကျန်တဲ့ဟာတွေကို ပြန်ယူတယ် အဲဒီလိုမျိုးပေါ့။ ကျန်တဲ့ပစ္စည်းတွေကို ပြန်ယူမယ် တိုက်ပွဲတော့မဖြစ်ဘူး။ ဘားမဖြစ်လောက်ဘူး။ အဲဒီလိုမျိုးပေါ့နော။ ပြန်ယူတဲ့အချိန် စစ်ကောင်စီတပ်စွဲထားတဲ့ ရွာတွေပေါ့နော။ ပစ်ခတ်ခံရတယ် အဲဒီလိုမျိုးပေါ့နော။ သတိပေးတာတွေ အဲ့လိုမျိုးမရှိဘူးပေါ့။ ဝင်တာနဲ့ ပစ်ခတ်ခံရတာတွေ အဲဒီလိုမျိုးပေါ့နော။ ကြားနေရ တွေ့နေရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

မိုးဗြဲမြို့မှာ နှစ်ဖက်စစ်ရေးတင်းမာနေသေးတဲ့အတွက် လူထုတွေအနေနဲ့ ကျေးရွာအတွင်းမပြန်ကြသေးဖို့ မိုးဗြဲ PDF ရွှေလင်းယုန်တပ်ခွဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts