spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဉ်လိုင်းများအတွက် တိကျတဲ့ ဆောင်ရန်ရှောင်ရန် ထုတ်ပြန်ရန် ပြန်လည်တောင်းဆိုမည်

Author

Date

Category

နော်ဒွေးအယ်ခူ

COVID-19 နဲ့ပတ်သက်ပြီး ယာဉ်မောင်းများအတွက် ကျန်းမာရေးအသိပညာနဲ့ ရောဂါမကူးစက်အောင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက်ကို ပြည်နယ်အစိုးရက ဧပြီလ ၈ ရက်နေ့ ညွှန်ကြားခဲ့ပါတယ်။

ညွှန်ကြားချက် ၅ချက်ကတော့ ယာဉ်မောင်းတိုင်း Mask တပ်ဆင်မောင်းနှင်ရန်၊ ယာဉ်ပေါ်အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောရန်၊ ခရီးသည်တင်ယာဉ်ဖြစ်ပါက ခရီးသည်များ Mask တပ်ဆင်ရန်၊ ယာဉ်ပေါ်ရှိထိုင်ခုံများတွင် ခရီးသည်များနေရာယူရာ၌သတ်မှတ်အကွာအဝေးရှိစေရန်၊ မော်တော်ယာဉ်များတစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။

သို့သော် အချက် ၅ ချက်ထဲမှာ ယာဉ်လိုင်းများအတွက် အဆင်မပြေတဲ့အချက်တွေကို ပြည်နယ်အစိုးရထံ ပြန်လည်တင်ပြသွားမယ်လို့ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။

ပြည်နယ်အစိုးရ၏ညွန်ကြားချက်၅ချက်ကို ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းအသင်းရုံးတွင် ရှင်းလင်းပြောကြားနေစဉ် (ဓါတ်ပုံ -နော်ဒွေးအယ်ခူ)

“ထုတ်လာပေးတဲ့အချက်ထဲမှာ အဓိကကျတော်တို့ပြည်နယ်က အခက်အလေးတစ်ခုရှိနေတာက တခြားတိုင်းနဲ့ပြည်နယ် ဥပမာ ရှမ်းပြည်နယ်ဆိုပါတော့ ပြည်နယ်အစိုးရက ရောဂါကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမယ့်ကိစ္စ စာအမှတ် ဘယ်လောက်ဘယ်လောက်ထွက်လာတယ်ပေါ့နော။ ဘယ်လိုထွက်လာလဲဆိုတော့ ယာဉ်တစ်စီးလျှင် ယာဉ်သယ်ဆောင်သည့်ခရီးသည်၏ တစ်ဝက်ကိုသာသယ်ဆောင်ရန်နှင့် ခရီးသည်တစ်ဦးကို ယာဉ်စီးနှုန်းခ နှစ်ဆ တိုးမြှင့်ကောက်ခံရန် ရှမ်းပြည်နယ်အစိုးရက ရည်ညွှန်းလာပါသည်ဆိုတော့ ကျတော်တို့ပြည်နယ်က ဒီလိုရည်ညွှန်းဖို့အတွက် ဒီနေ့လုပ်တဲ့အစည်းအဝေးအခက်အခဲကိုတင်ပြသွားမှာဖြစ်ပါတယ်” လို့ ဦးစံအေးက ပြောပါတယ်။

ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ပတ်သက်ပြီး မော်တော်ယာဉ်လုပ်ငန်းရှင်တွေနဲ့ သယ်ယူပို့ဆောင်ရေးဦးစီးဌာတို့ ဧပြီလ ၁၀ရက်နေ့က ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းအသင်းမှာ တွေ့ဆုံးဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ခရီးသည်နေရာအတွက် သတ်မှတ်အကွာအဝေးကို တိကျစွာ မဖော်ပြထားတဲ့အတွက် ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအသင်းရဲ့ အခက်အခဲကို ပြန်လည်တင်ပြဖို့ ယာဉ်လိုင်းအသင်းတွေက ပြောကြပါတယ်။

အချက် ၅ချက်က လိုက်နာဆောင်ရွက်ဖို့ပဲ ညွှန်ကြားထားတာဖြစ်ပြီး တစ်စုံတစ်ရာချိုးဖောက်မယ်ဆိုရင် မည်သို့ အရေးယူဆောင်ရွက်မယ်ဆိုတာ မဖော်ပြထားပါဘူး။

ရွှေပအိုဝ့်ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက “ဘယ်နှစ်ပေအကွာလဲဆိုတာ တိကျတာလိုချင်တယ်။ ကျတော်တို့က မသိဘူူးလေ မသိတော့တင်မိမှာပဲ။ အဲလိုမဖြစ်အောင် အစကတည်းက ဘယ်နှစ်ပေမကွာရင် အရေးယူမယ်ဆိုတာ သိတော့ပိုကောင်းတာပေါ့။ ဖြစ်ပြီးမှ တင်လိုက်တဲ့အခါ ဒီအသင်းကမလိုက်နာဘူးဆို ဘာကြောင့်အရေးယူလို့ အရေးယူခံလို့မရမှန်းမသိဘူး အဲလိုဖြစ်သွားမှာ။ ဘယ်နှစ်ပေအကွာလည်း အဲလိုသိချင်တာ။” လို့ ဆိုပါတယ်။

ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအနက် ကုန်တင်ယာဉ်အနေနဲ့ အဆင်ပြေပေမယ့်လည်း ခရီးသည်တင်ယာဉ်တွေအတွက်ကတော့ အခက်အခဲရှိနေကြတယ်လို့ ယာဉ်လိုင်းတွေကဆိုကြပါတယ်။

လက်ရှိ သင်္ကြန်ကာလအတွင်း ခရီးစဉ်ပြေးဆွဲမှုကို ရပ်နားထားပေမယ့် သင်္ကြန်မတိုင်ခင် ခရီးစဉ်ပြေးဆွဲဖို့ရှိနေပေမယ့်လည်း ခရီးသည်နည်းပါးမှုကြောင့် ဧပြီလ ၇ ရက်နေ့ကတည်းကက ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားထားပါတယ်။

သင်္ကြန်ကာလအပြီး ဧပြီလ ၂၂ ရက်နေ့မှာတော့ ယာဉ်လိုင်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts