spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ပြန်လည်စတင်

Author

Date

Category

နော်ဒွေးအယ်ခူ

ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးဝန်ဆောင်မှုလုပ်ငန်းတွေကို ဇွန်လ (၈)ရက်နေ့ကစပြီး ပြန်လည်ဆောင်ရွက်နေပြီလို့ လွိုင်ကော်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းစိုးစိုးဟတ်က ပြောပါတယ်။

ဒေါ်နန်းစိုးစိုဟတ် “ ဝန်ဆောင်မှုလုပ်ငန်တွေက ကယားပြည်နယ်အတွက်ဆိုရင် ၂၀၂၀မတ်လ (၃၀)ရက်နေ့ကစပြီးတော့ ဝန်ဆောင်မှုတွေရပ်ဆိုင်းခဲ့တယ် ရပ်ဆိုင်းပြီးတော့ ဇွန်လ (၈)ရက်နေ့မှာဝန်ဆောင်မှုလုပ်ငန်းတွေပြန်ပြီးဆောင်ရွက်တယ်။ ဒါပေမယ့် အဲလိုဆောင်ရွက်တဲ့အချိန်မှာ ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုတဲ့ ကိစ္စကိုတော့ ဆက်လက်ပြီး ရပ်ဆိုင်းထားသေးတယ် တကယ်လို့ဆောင်ရွက်မယ်ဆိုတဲ့နေ့ကျရင်တော့ အားလုံးသိအောင် ကြိုတင် ခုလိုပဲကြေညာပေးမယ်ပေါ့နော။ အခုကတော့ ဇွန်လ(၈)ရက်နေ့ကစပြီးတော့ လုပ်ငန်းတွေပြန်ပြီးတော့ သက်တမ်းတိုးလုပ်ငန်းတွေအားလုံးကို ယာဉ်မောင်းတွေကော ယာဉ်မှတ်ပုံတင်ကောဆောင်ရွက်နေပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကညနရုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို COVId-19 ရောဂါ ကြိုတင်တားဆီးကာကွယ်ဖို့အတွက် မတ်လ (၃၀)ရက်နေ့မှစပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာတော့ လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေ သိရှိလိုက်နာရမယ့်အချက်တွေကို လိုက်နာဆောင်ရွက်ထားပြီး ဝန်ဆောင်မှုလုပ်ငန်းလာရောက် ဆောင်ရွက်တဲ့ မည်သူမဆို ရုံးအဝင်ဝမှာ ကိုယ်အပူချိန်တိုင်းသလို လိုအပ်တဲ့စာရွက်စာတမ်းပြည့်စုံမှသာလျှင် ရုံးထဲကို ဝင်ရောက်ခွင့်ပြုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရုံးခြံဝန်းထဲရောက်ပြီဆိုရင်လည်း လက်ဆေးခိုင်းသလို ၆ပေခြားခုံမှာထိုင်စေပြီး လူကြပ်တည်းမှုမဖြစ်စေဖို့အတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ရုံးဝန်ထမ်းကဆောင်ရွက်ပေးတာကြောင့် လုပ်ငန်းမြန်မြန်ပြီးစေတယ်လို့ ကားလိုင်စင်သက်တမ်းတိုးလာလျှောက်တဲ့ ကိုဟန်သစ်နိုင်က ပြောပါတယ်။

ကားလိုင်စင်သက်တမ်းတိုးလာလျှောက်သူ ကိုဟန်သစ်နိုင် “ကိုဗစ်ဖြစ်နေတဲ့အချိန်မှာပေါ့နော လက်ဆေးဖို့ဘေစင်လေးတွေထားပေးပါတယ် လက်ဆေးခိုင်းပါတယ် လက်ဆေးပြီးတော့ ကိုယ်သွားတဲ့ သက်တမ်းတိုးမယ်ဆိုရင် တိုးတဲနေရာကိုသွားခိုင်းပါတယ်။ သွားပြီးတော့ တစ်နေရာနဲ့တစ်နေရာထိုင်ဖို့အတွက် ၆ပေခြားခုံတွေလည်း စီမံထားပြီးတော့ အဲ့မှာထိုင်ရတာအဆင်ပြေပါတယ်” လို့ ပြောပါတယ်။

ယာဉ်မှတ်ပုံတင်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်ပေးနေပေမယ့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းကိုတော့ ပညာပေးသင်တန်းတွေပြုလုပ်ရမှာဖြစ်တဲ့အတွက် လူကြပ်တည်းမှုမဖြစ်စေဖို့ ခေတ္တရပ်ဆိုင်းထားပြီး ပြန်လည်ဆောင်ရွက်ပေးမယ့်ရက်ကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

ယာဉ်မှတ်ပုံတင်ခြင်းနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း၊ လိုင်စင်အပျောက် လျှောက်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်းကို လူကြပ်တည်းမှုမဖြစ်အောင် နေရာခွဲခြားထားပြီး မော်တော်ယာဉ်တစ်စီးကို လူတစ်ယောက်သာ ဝင်ခွင့်ပြုထားသလို ကားတစ်စီးကိုတော့ အများဆုံးလူနှစ်ယောက်သာ လာရောက်ဖို့ ကန့်သတ်ထားပါတယ်။

မော်တော်ယာဉ်သက်တမ်းတိုးလာလျှောက်သူ ဦးတော့ရယ် “အထူးသဖြင့် လုပ်ငန်းမြန်မြန်ပြီးစီးဖို့ရယ် ပြီးတော့မှ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့မှ ကာကွယ်ထိန်းချုပ်နိုင်ဖို့ရယ် အဓိကထားဆောင်ရွက်နေတယ်လို့ အဲလိုပဲသဘောပေါက်ပါတယ်”လို့ ပြောပါတယ်။

ကညနရုံးပြန်လည်ဖွင့်လှစ်ပြီဖြစ်တဲ့အတွက် မှတ်ပုံတင်သက်တမ်းကုန်သွားတဲ့ မော်တော်ယာဉ်တွေနဲ့ ယာဉ်မောင်းလိုင်စင်တွေကို သတ်မှတ်ထားတဲ့ကာလအတွင်း လာရောက်ဆောင်ရွက်ရမှာဖြစ်ပြီး အဲ့ကာလမှာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ရက်လွန်ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ကညနရုံးဝန်ဆောင်မှုလုပ်ငန်းပြန်လည်ဆောင်ရွက်တဲ့ ဇွန်လ ၈ ရက်နေ့ကစပြီး နှစ်ရက်အတွင်း ဝန်ဆောင်မှုလုပ်ငန်းလာရောက်ဆောင်ရွက်သူ တစ်ရာကျော်ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img

Recent posts