spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဒိုကျေးရွာဘက်ကို ဦးတည်မောင်းလာတဲ့ စစ်ကောင်စီ စစ်ကား ၈ စီးမှာ တစ်စီးတိမ်းမှောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကား ၈ စီး ဟာ ဇူလိုင်လ ၂၃ ရက်နေ့မှာ ၁ စီးတိမ်းမှောက်သွားတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကားတွေဟာ ယာဒိုဘက်ကို အင်အားဖြည့်ဖို့ တပ်သားတွေကို တင်ဆောင်လာတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ကူညီသူတွေကတော့ ကားတိမ်းမှောက်တာကိုအတည်ပြုပေမဲ့ အထိခိုက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“ ( ၈) စီးမှာ တစ်စီးအဲ့လိုမှောက်သွားတာ မှောက်သွားပြီးတော့ အဲ့မှာ စခန်းက နှစ်ခုသုံးခုရှိတာကိုး။ ယာဒိုသွားတဲ့ စခန်းမှာ အကြီးဆုံးဘာရှိလဲဆိုတော့ သောက်ရေခပ် စခန်းကျန်သေးတယ်၊ ဗဟုန်း ဆိုတဲ့ စခန်းလည်းရှိသေးတယ် အဲ့တော့ အဲ့စခန်းတွေမှာ အတော်အင်အားတွေ အဲ့လိုမျိုးတွေ တိုးပြီးတော့ချတာပေါ့နော်။ အဲ့ဒီဘက်ကို သူတို့ ၈ စီး တက်သွားတာပေါ့နော်” လို့ပြောပါတယ်။

တိမ်းမှောက်သွားတဲ့ စစ်ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကတော့
ဗဟုန်းစခန်းထိရောက်ဖို့ ယာဒိုကျေးရွာဘက်ကို ခြေလျင်နဲ့ပဲ လမ်းလျှောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ယာဒိုကျေးရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရပါတယ်။

spot_img
spot_img

Recent posts