spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ တိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လူနေအိမ် နှစ်လုံး ထိခိုက်ပျက်စီးသွားပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ယာဒိုကျေးရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

မနေ့က ဇူလှိုင်လ ၁၁ ရက်နေ့ မနက် ငါးရီခွဲဝန်းကျင်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဆယ်နာရီခွဲဝန်းကျင်မှာ ငြိမ်သက်သွားပေမယ့် မွန်းလွဲတစ်နာရီခွဲဝန်းကျင်မှာ တဖန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး ညနေ လေးနာရီ ဝန်းကျင်မှာ ငြိမ်သွားတယ်လို့ သိရပါတယ်။ ညနေ သုံးနာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနေအိမ် နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။

“မနေ့က (ဇူလှိုင်လ ၁၁) ရက်နေ့ မနက် ၅ နာရီ ၆ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်တာပေါ့နော။ ပြီးကျတော့ မနေ့ညပေါ့နော။ ညနေ သုံးနာရီလောက်မှာ လေယာဉ်နဲ့လာပြီး ဗုံးကြဲတယ်ပေါ့နော။ အိမ် တစ်လုံး၊ နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်။” လို့ ယာဒိုကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇူလှိုင်လ ၁၂ ရက်နေ့ မနက် ဆယ်နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ဒေသခံတွေက တိမ်းရှောင်ကြတယ်။ နီးစပ်ရာတောတောင်မှာပဲ ရှောင်ကြတယ်ပေါ့နော။ ကလေးတွေရော၊ ကိုယ်ဝန်ဆောင်မိခင်တွေကော၊ သက်ကြီးရွယ်အိုတွေလည်း အများကြီး ကျန်ခဲ့သေးတယ်။ ရွာမှာ။” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံ ဖြည့်တင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ယာဒို‌ကျေးရွာဟာ ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်မှာ တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ‌တောင်ငူခရိုင် ( တပ်မဟာ -၂) ထိန်းချုပ်နယ်‌မြေအတွင်းမှာ ရှိပါတယ်။

spot_img
spot_img