spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

Author

Date

Category

မူဂျာမီလှိုင်

ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွ၊ အချက်အချာကျသည့် နေရာများတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်များထားရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

မီးပွိုင့်ရှိဖို့ဆိုရင် အင်မတန်အရေးကြီးတယ် မီးပွိုင့်မရှိလို့ ဆိုင်ကယ်တွေ မကြာခဏယာဉ်တိုက်မှုဖြစ်တယ် မဆင်မခြင်တာတွေလည်းပါတယ် ဥပဒေနားမလည်တာတွေလည်းပါတယ်ဟု ဖယ်ခုံ ညောင်ကုန်းရပ်ကွက်နေ ဦးယူဂျိမ်းကဆိုသည်။

မီးပွိုင့်ရှိပါက ပြည်သူများသည် ၎င်းတို့၏ဆိုင်ကယ်များ၊ ကားများပို၍ ဆင်ဆင်ခြင်ခြင်မောင်းမည်ဖြစ်ေကြာင်း ၎င်းကဆက်ပြောသည်။

ဖယ်ခုံမြို့နယ်တွင် မီးပွိုင့်ထားရန်အလျင်မလိုအပ်သေးကြောင်း၊ လိုအပ်ပါကလည်း အထက်တန်းကျောင်း ရှေ့တွင်သာ ထားရှိရန် လိုအပ်ေကြာင်းနှင့် လိုအပ်သည့်နေရာများတွင် လူကူးမျဉ်းကြားများ ထားထားပေးပြီးဖြစ်ကြောင်း ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ဥက္ကဌဦးတင့်နိုင်က ပြောပါသည်။

၎င်းကအဲ့ဒီဟာတွေလုပ်ဖို့ အစီအစဉ်တွေ မြို့အနေနဲ့တော့ အဲ့လောက်ထိမရှိသေးဘူးလေ လောလောဆယ်တော့ ယာဉ်ထိန်းရဲတွေနဲပဲ ထိန်းနေရတော့ အဆင်ပြေတာပေါ့ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်း မီးပွိုင့်ထားရှိရန်အစီအစဉ်ရှိမရှိ ွှတ်တော်တွင်တင်ပြ မေးခွန်းမေးရန် ွှတ်တော်နှင့်မသက်ဆိုင်ကြောင်း ဖယ်ခုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျိူ့က ပြောသည်။ ၎င်းကအစ်မတို့နဲ့သိပ်မဆိုင်ဘူး၊အဲ့ကိစ္စကဟု ပြောကြားခဲ့သည်။

ဖယ်ခုံမြို့သည် ယာဉ်အသွားအလာများကာ မီးပွိုင့်မရှိသည့်အတွက်ကြောင့် ကား ဆိုင်ကယ်များ စည်းကမ်းမဲ့စွာမောင်းနှင်နေပြီး အက်စီးဒန့်များကြာခဏဖြစ်နေကြောင်းသိရသည်။ ဒေသခံများက ဖယ်ခုံတွင် သာမက မိုးဗြဲတွင်လည်း မီးပွိုင့်ထားရှိရန် လိုလားကြသည်။

spot_img

Recent posts