ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးသွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံး

မူအက်စတာ

ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကို ပြုပြင်သွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျ သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကိုတက်ရောက်ပြုပြင် သွယ်တန်းနေစဉ် ပေါင်းလောင်းကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်နေ မျိုးလှိုင်ဝင်း(၂၅)နှစ်၊ အေဘယ်ဝင်းနားကုမ္ပဏီဝန်ထမ်း ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှ ပြုတ်ကျကာ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ ဒီးမော့ဆိုမြို့မ ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ အရ တာဝန်ရှိသူများမှ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

Comments

comments

Next Post

မျက်နှာချင်းဆိုင် ဆိုင်ကယ်တိုက်မိရာမှ လူတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Tue Jan 31 , 2017
<div class="at-above-post addthis_tool" data-url="https://www.kantarawaddytimes.org/%e1%80%9a%e1%80%b0%e1%80%86%e1%80%99%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%9b%e1%80%bc%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%93%e1%80%ac/"></div>မူအက်စတာ ဇန်န၀ါရီလ ၂၈ရက်နေ့ ညနေ ၅း၀၀ ချိန်တွင် ဒီး​မော့ဆိုမြို့နယ်​၊ ဟန်​​သောခို​ကျေးရွာတွင်​ ဆိုင်​ကယ်​မျက်​နှာချင်းဆိုင်​တိုက်​မိကာ လူတစ်​ဦး​သေပြီး နှစ်​ဦးဒဏ်​ရာရခဲ့​ကြောင်း သိရသည်​။ ဖြစ်​စဉ်​မှာ ဒီးမော့ဆိုမှ မိုးဗြဲဘက်သို့ ဦးယုတမောင်းနှင်လာပြီး နောက်မှ မောင်ဝိလပါ လိုက်ပါစီးနင်းလာ ဆိုင်ကယ်နှင့် မိုးဗြဲဘက်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသည့် ဦးနသားလယ်ဆိုင်ကယ်တို့သည် ဟန်သောခိုကျေးရွာအဝင်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် နောက်မှလိုက်ပါလာသူ မောင်ဝိလပါ(ဘ)ဦးယုတမှာ ဝဲလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ၊ ညာပေါင်နာကျင်ဒဏ်ရာ ရရှိပြီး၊ ဦးယုတ(ဘ)ဦးမောင်ငယ် အိုကေကျေးရွာနေသူမှာ နဖူးပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်ပုခုံးနာကျင်ဒဏ်ရာ ရရှိပြီး နန်းမယ်ခုံဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျှက်ရှိကြသည်။ ဦးနသားလယ်(ဘ)ဦးလပီး၊ ကျွန်းတောကျေးရွာနေသူမှာ ၀ဲနားထင်ပေါက်ပြဲဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ သို့ဖြစ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ […]<!-- AddThis Advanced Settings above via filter on get_the_excerpt --><!-- AddThis Advanced Settings below via filter on get_the_excerpt --><!-- AddThis Advanced Settings generic via filter on get_the_excerpt --><!-- AddThis Share Buttons above via filter on get_the_excerpt --><!-- AddThis Share Buttons below via filter on get_the_excerpt --><div class="at-below-post addthis_tool" data-url="https://www.kantarawaddytimes.org/%e1%80%9a%e1%80%b0%e1%80%86%e1%80%99%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%9b%e1%80%bc%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%93%e1%80%ac/"></div><!-- AddThis Share Buttons generic via filter on get_the_excerpt -->