spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ကလေးငယ်တွေ ဖျားနာကြ

Author

Date

Category

ကေးဒူ ( ကန္တာရဝတီတိုင်း( မ် ))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ ရာသီကူးပြောင်းကာလကြောင့် ၅ နှစ်အောက် ကလေးငယ်တွေ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။

ယခု ဆောင်းရာသီ ကူးပြောင်းကာလမို့ လူဦးရေ များတဲ့အိမ်တွေမှာ စောင်နဲ့ အနွေးထည်တွေ လုံလုံလောက်လောက် မရှိတဲ့အတွက် အအေးမိပြီး ဖျားနာကြတာ ဖြစ်တယ်လို့ စစ်ရှောင်စခန်းတစ်နေရာမှာ တာဝန်ယူပေးနေတဲ့ ကျန်းမာရေး ဆရာမ ဒေါ်လူစီရာက ပြောပါတယ်။

“အခုချိန်မှာ ရာသီကူးပြောင်းနေတဲ့အချိန် ဖြစ်တဲ့အတွက် မိသားစု များတဲ့သားသမီးတွေဆိုရင် ညအချိန်အိပ်တဲ့အခါမှာ စောင်တွေလုံလောက်မှုမရှိဘူး။ အနွေးထည် တွေလုံလောက်မှူ မရှိဘူး။ ဒါကြောင့်မလို့ ညအချိန်မှာ ဆိုလို့ရှိရင်လည်း အအေးမိပြီးတော့ ချောင်းဆိုးသွားတာတို့ အဖျားတွေကြီးလာတာတို့ အဲလိုမျိုးဖြစ်တယ်။” လို့ စစ်ရှောင်စခန်းတစ်နေရာမှာ တာဝန်ယူပေးနေတဲ့ ကျန်းမာရေး ဆရာမ ဒေါ်လူစီရာက ပြောပါတယ်။

အခုအချိန်က တောင်သူတွေ သီးနှံရိတ်သိမ်းချိန် ဖြစ်တဲ့အတွက် စစ်ရှောင်ကလေးမိဘတွေဟာ တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရအောင် ခြံငှားလိုက်နေကြရတဲ့အတွက် ကလေးတွေအပေါ် ကရုစိုက်မှု လျော့နည်းလာတာတွေကြောင့်လည်း ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ကလေးအများစု ဖျားနာနေကြတဲ့အတွက် ဆေးဝါးတွေလိုအပ်နေသလို မဖျားနာအောင် ကျောင်းနေကလေးတွေ ကျောင်းလာတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဝတ်လာဖို့ လိုအပ်တယ်လို့ စာသင်ပေးနေတဲ့ စေတနာ့ ဝန်တမ်း ဆရာမ တစ်ဦးက ပြောပါတယ်။

“ဒီဆောင်းရာသီကာလမှာ အဓိကအခက်အခဲကတော့ ဆေးဝါးတွေလည်းဖြစ်မယ်။ ဘာဖြစ်လို့လဲဆို ရာသီကူးပြောင်းတွေကြောင့်မလို့ အခုတော်တော်များ ကလေးတွေ နှာစီး ချောင်းတာတွေ တော်တော်ကို ဖြစ်တယ်။ အဖျားဝင်တယ်။ ဒါကြောင့်မလို့ ကလေးတွေအတွက် ဆေးဝါးတွေ လိုအပ်မယ်။ ပြီးတော့မှ ကလေးတွေအတွက် ဒီ အနွေးထည် လေးတွေ ဘောင်းဘီလေးတွေ ပေါ့နော်။ ကျောင်းတက်တဲ့ချိန်မှာ ဝတ်ရမယ့်ဟာလေးတွေပေါ့နော်။ အဲဒါလိုအပ်တယ်လို့။ ဆောင်းရာသီ အနေနဲ့တော့ အဓိကတော့ အနွေးထည် တွေ လိုအပ်မယ်။” လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ ဝန်ထမ်း ဆရာမတစ်ဦးက ပြောပါတယ်။

အနွေးထည် လုံလောက်မှုမရှိတာတွေအပြင် ဆေးဝါးတွေ၊ ကျောင်းသုံး သင်ထောက်ကူ ပစ္စည်းတွေလည်း လိုအပ်ချက်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ၅နှစ်အောက်ကလေးငယ် ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ စစ်ရှောင်စခန်းမှာ စစ်ရှောင်လာတာ ၁နှစ်ကျော်ရှိလာတာနဲ့အမျှ မိသားစု အဆင်မပြေမှုတွေ ဝင်ငွေမရှိတာတွေကြောင့် စေတနာ့ ဝန်ထမ်းတွေ CDM ဆရာ၊ဆရာမတွေ ဝမ်းရေးအတွက် အခက်အခဲ တွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုကြပါတယ်။

spot_img
spot_img

Recent posts