spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရာသီဥတုဒဏ်မခံနိုင်သည့် စီပီဝက်များအသေအပျောက်များဖြင့် ကြုံတွေ့နေရ

Author

Date

Category

စိုးထိုက်အောင်

လွိုင်ကော်မြို့နယ်အတွင်းရှိ စီပီဝက်များသည် ရာသီဥတုဒဏ်မခံနိုင်သည့်အတွက် အသေအပျောက်များဖြင့် ကြုံတွေ့နေရသည်ဟု စီပီဝက်မွေးမြူသူများထံမှ သိရသည်။

ထွေးပလော်ခူကျေးရွာတွင် စီပီဝက်မွေးမြူလျက်ရှိသည့် ဒေါ်လွီးဇာက “ဝက် နာကျပြီးဝက်၅ကောင်လောက်သေတယ်။ ဝက်နာက ရာသီဥတုနဲ့ လေထုကြောင့် ဝက်နာကျ ရာသီဥတုက အပူအအေး မညီမျှဘူး။ စီပီဝက်တွေက ရာသီဥတုဒဏ်ကိုခံနိုင်ရေမရှိဘူး။ အဲ့ဒါကြောင့် အသေအပျောက်များတယ်။” ဟု ပြောပါသည်။

ထေးပလော်ခူကျေးရွာတွင် စီပီဝက်မွေးမြူနေသည့်သူ ၄ ဦးလောက်ရှိနေပြီးအရှုံးပေါ်နေသည်ဟု သိရသည်။ စီပီဝက်ဈေးမှာလည်း ဒေသဝက်ဈေးနည်းတူသာ ဈေးရှိပြီး ဒေသဝက်များကဲ့သို့ ရာသီဥတုဒဏ်၊ ရောဂါဒဏ်များကို ခံနိုင်ရည်မရှိကြောင်း ဒေသခံများထံမှသိရသည်။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ ဝက်မွေးမြူသည့် ချိုမာလွင်က ဝက်ကောင်ရေ ၂၃ ကောင်မွေးထားပြီး ၁၀ ကောင်ဆုံးရှုံးလိုက်ရသည်ဟု ပြောပါသည်။

“ဝက်နာကျပီဆိုရင် ချက်ချင်းသေတဲ့အကောင်လဲရှိတယ်။ အကြာကြီးနေပြီးမှ တစ်ရက်ကို တစ်ကောင်သေတာမျိုးလဲးရှိတယ်။ ဝမ်းချုပ်တယ်၊ဆီးချုပ်တယ် အဲ့လိုမျိုးဖြစ်ပြီး သေသွားတာလဲရှိတယ်။” ဟု ချိုမာလွင်က ပြောပါသည်။

ဒေသဝက်များထက် စီပီဝက်များက အသေအပျောက်များလျက်ရှိသည်ဟု ဆိုပါသည်။

ရောဂါမဖြစ်ပွားစေရန် ကာကွယ်ဆေးများကိုလည်း သားပေါက်ပြီး ၅ ရက်အတွင်း ၁ ကြိမ်၊ နို့ခွဲပြီး ၃ လအကြာတွင် ၁ ကြိမ် ထိုးထားသည်ဟုလည်းသိရသည်။

လက်ရှိဝက်သားတစ်ပိဿလျှင် ၅၀၀၀ ကျပ်ရှိပြီး လွိုင်ကော်ဝက်ဒိုင်နှင့် ဖယ်ခုံဝက်ဒိုင်များသို့ ရောင်းချလျက်ရှိသည်ဟု သိရသည်။

စီပီဝက်အမျိုးများကို ၆ လမှ ၈ လအထိမွေးမြူပြီးရင် ရောင်းချ၍ရနိုင်ပြီဖြစ်သည်ဟု သိရသည်။

ဝက်စားများမှာ ဝက်သားပေါက်များအတွက် နို့ထွက်အစားအစာအနေဖြင့် ၇၅၇ အမျိုးအစားတစ်အိတ်လျှင် ၂၈၀၀၀ကျပ်၊ ဝက်ကလေးနို့ခွဲအရွယ်များကို ၉၅၀ အမျိုးအစား တစ်အိတ် ၃၁၀၀၀ ကျပ်ရှိသည်ဟုသိရသည်။

spot_img
spot_img

Recent posts