ရာသီဥတုဖေါက်ပြန်၍  သီးနှံအထွက်နှုန်းလျော့ကျကာ ဟင်းသီးဟင်းရွက်စိုက် တောင်သူများ အရှုံးပေါ်

စိုးရယ်

ဇန်နဝါရီလအထိ မိုးရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးကာ သီးနှံအထွက်နှုန်းလျော့နည်းခဲ့သဖြင့်  ဒီးမော့ဆိုအရှေ့ပိုင်း တောင်သူများ အရှုံးပေါ်ခဲ့သည်။

တောင်သူစိုက်ပျိုးသော ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီး အစရှိသော ရာသီထွက်သီးနှံများ အထွက်နှုန်းကျဆင်းခဲ့ရာ  အမြတ်အစွန်းများမရှိဘဲ   ရင်းနှီးငွေများ ဆုံးရှုံးနေခြင်းဖြစ်သည်။

အမြတ်အစွန်းများ လျော့နည်းသဖြင့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည် ပေးဆပ်ရန် အခက်ကြုံနေကြောင်း တောင်သူများက ပြောသည်။

“သား၊ သမီးတွေ ကျောင်းထားနိုင်ဖို့အတွက် သီးနှံစိုက်ပျိုးရေး လုပ်ပေးနေပါတယ် ။ တဖက်က  ကျွန်တော်တို့ စိုက်ပျိုးနေတဲ့ သီးနှံတွေက ဈေးနှုန်း ပုံမှန် မရှိဘူး အဲဒါဟာ အဓိက  ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါပဲ။”ဟု ထီးဖိုးကလိုးကျေးရွာနေ ဦးပကူးက ပြောသည်။

ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းရှိ တောင်သူများသည် ဒီဇင်ဘာလမှ မတ်လအတွင်း ကြက်သွန်ကို အဓိက စိုက်ပျိုးသည်။  

ထို့အပြင် ထွက်ရှိလာသည့် သီးနှံများ ရောင်ချချိန်တွင် ဈေးကွက်၌ ဈေးကောင်းမရသည့်အပြင်  စိုက်ပျိုးရေး နည်းပညာအခက်အခဲများလည်း ကြုံနေရကြောင်း သိရသည်။

“ကျွန်မ ကြက်သွန်စိုက်ပါတယ်။ ဒါပေမဲ့ မကောင်းဘူး ။ ရာသီဥတုကြောင့် ဖြစ်လားမသိဘူး ကြက်သွန်တွေ သေကုန်တယ် ဖြူပြီးတော့ ခြောက်သွားတယ်ပေါ့နော် တဖက်ကလည်း ပိုးကျတယ် ။ ကျွန်မ အရမ်း စိတ်ဆင်းရဲတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မိသားစုအတွက်လည်း ဟုတ်တယ် သားသမီး ကျောင်းတက်ရဖို့အတွက်လည်း ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်တွင် စပါးနှင့် ပြောင်းကို မိသားစု ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးကာ ကျန်ရာသီချိန်တွင် အပိုဝင်ငွေအဖြစ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။

Comments

comments

Next Post

မြို့ ၂ မြိုု့ ထပ်မံတိုးချဲ့ သတ်မှတ်လိုက်သည့် ကယားပြည်နယ်

Tue Feb 13 , 2018
မူအက်စတာ  ကယားပြည်နယ်ရှိ ကျေးရွာအုပ်စု ၂ ခုကို မြို့အဖြစ်   ​ဖေ​ဖော်​ဝါရီလ ၁၂ရက်​​နေ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုက်သည်။ ထပ်မံတိုးချဲ့လိုက်သည့်မြို့မှာ နန်းမယ်ခုံမြို့နှင့် လွိုင်လင်လေးမြို့တို့ ဖြစ်သည်။ ၎င်းတို့ကို ကျေးရွာအုပ်စုမှ မြို့အဖြစ်သို့ပြောင်းရန် မြို့အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာဖွဲ့စည်းတည်ထောင်နိုင်ရန် ပြည်နယ်အစိုးရမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။ ဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။ နန်းမယ်ခုံမြို့တွင် မြို့မကယန်း၊ မြို့မရှမ်း၊ ခေါ်ခုကယား၊ ခေါ်ခုရှမ်းစသည့် ရပ်ကွက်(၄)ခုဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း အိမ်ခြေ (၄၃၁)၊ အိမ်ထောင်စု(၄၃၁)စု၊ လူဦးရေ(၂၂၈၇)ဦးနေထိုင်နေကြောင်း သိရသည်။ လွိုင်လင်လေးမြို့တွင် အောင်တေဇ၊ […]