spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် နဲ့ ဖရူဆိုမြို့နယ်ကြားမှာရှိတဲ့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ ဖရူဆိုဖက်ကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ဒီးမော့ဆို PDF (အမှတ် ၁၁၀၆) တပ်ရင်း မှ တပ်ရေးအရာရှိ ကိုလင်းယုန်က ကန္တာရ၀တီတိုင်း(မ်) ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကား ၁၀ စီးပါတဲ့ ယာဉ်တန်းထဲက ၄ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

” ကျနော်တို့ စစ်ကြောင်းကနေ ဖျက်ဆီးနိုင်ခဲ့တာက ၂၀၂၃၊ ၁၁ လပိုင်း ၅ ရက်နေ့ မနက်မှာ ဒီးမော့ဆိုဖက်ကနေ ဖရူဆိုဖက်ကိုဆင်းလာတဲ့ ရိက္ခာယာဉ်တန်းထဲက ယာဉ် ( ၄ ) စီးလောက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ တစီးကိုတော့ မီးရှို့နိုင်ခဲ့ပါတယ်” လို့ (အမှတ် ၁၁၀၆) တပ်ရင်း မှ တပ်ရေးအရာရှိ ကိုလင်းယုန်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ ၅ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ စားနပ်ရိက္ခာသယ်ဆောင်လာတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ယာဉ်တန်းအားလုံးကို မီးရှို့ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီဖက်က လက်နက်ကြီး အဆမတန် အသုံးပြုခဲ့တာကြောင့် ပြန်နောက်ဆုတ်လိုက်ရပြီး စစ်ကောင်စီကတော့ အဆိုပါ ယာဉ်ကားတွေကို ပြန်ဆွဲယူသွားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီနေရာမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးဇုံအတွင်း လှုပ်ရှားသွားလာခြင်းမပြုကြဖို့လည်း တောင်းဆိုထားပါတယ်။

“အခုလက်ရှိ အခြေအနေမှာလည်း နှစ်ဖက်စလုံးက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲပါ။ အသေးစိတ်တော့ ပြောလို့မရသေးဘူးပေါ့နော” လို့ ကိုယုန်လေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း ဖရူဆိုကနေ လွိုင်ကော်ကို ဦးတည်တဲ့ ကားအစီးရေ ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နို၀င်ဘာလ ၃ ရက်နေ့မှာလည်း DMO အမှတ် ၁၁၀၆ ဒရုန်းတပ်ဖွဲ့ (Battle Wing Drone )ကနေ စစ်ကောင်စီတပ်စွဲတဲ့နေရာတွေကို ဒရုန်း ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်က သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img