spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာပြန်ယူတဲ့ ခြောက်မိုင်ဒေသခံတစ်ဦး အသတ်ခံရ

ကန္တာရဝတီတိုင်း(မ်)

ဓါတ်ပုံ − KNDF B 09 (Facebook Page)

အောက်တိုဘာလ (၉)ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက ရိက္ခာပြန်လာယူတဲ့ ခြောက်မိုင်ဒေသခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ အသတ်ခံခဲ့ရတယ်လို့ အောက်တိုဘာ ၉ရက်နေ့ KNDFထုတ်ပြန်ချက်မှာပါရှိပါတယ်။ ကျန်တစ်ဦးမှာတော့ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေပြီလို့ သိရပါတယ်။

အခုလိုမျိုး ပြည်သူတွေ အသတ်ခံရတာ များလာတဲ့အပေါ် လက်မခံနိုင်ဘူးလို့ KNDFပြောဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဒါကတော့ မဆိုင်တဲ့ လူထုတွေကို စွပ်စွဲပြီးတော့ စစ်တပ်က သတ်နေတာ တော်တော်များ နေပြီ ကျနောတို့ ပြည်နယ်မှာ ဆိုတော့ ဒီကိစ္စကို ကျနောတို့ လက်ခံလို့ မရဘူးပေါ့လေ။ “

အာဏာသိမ်းကာလမှာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာဆိုရင် ၇၀ကျော်ဝန်းကျင် ရှိသွားပြီဖြစ်ပါတယ်။

အခုချိန်မှာ စစ်ရေးတင်းမာလျက်ရှိနေတဲ့အတွက် ပြည်သူတွေ သတိနဲ့ နေပေးကြဖို့လည်း သူက ဆက်လက် အကြံပြုထားပါတယ်။

“ ဒီဖက်မှာတော့ စစ်ရေးတင်းမာနေလျက်ရှိတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ကျနောတို့ ကြားမှာတော့ စစ်ရေးပေါ့နော။ ဖရူဆိုဖက်ခြမ်းမှာတော့ စစ်ရေးတင်းတင်းမာမာရှိနေကြတယ်။ ဆိုတော့ တိုက်ပွဲကတော့ ဖြစ်လာနိုင်မယ့် အနေအထား မျိုးရှိတယ်ဆိုတော့ ကျနော ထပ်လောင်းပြီးတော့ ပြောပြချင်ပါတယ်။ လူထုတွေ သတိနဲ့နေပေးပေါ့။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့ လုပ်ဆောင်ထားသင့်တယ်လို့ ကျနော့အနေနဲ့ အကြံပြုချင်ပါတယ်။ “

အောက်တိုဘာလ ၉ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ KNDF KA ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စံပြခြောက်မိုင် ကျေးရွာမှာလည်း အကြမ်းဖက် စစ်ကောင်စီက ဒေသခံ တွေကို ပစ်ခတ်ခဲ့တဲ့အတွက် KNDFနဲ့ ထိတွေ့တိုက်ပွဲ ၅မိနစ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img