spot_img
Monday, March 27, 2023
spot_img

ရိက္ခာဖြန့်ဝေတဲ့ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ရိက္ခာဖြန့်ဝေပေးနေတဲ့ ထိုင်း-ကရင်နီနယ်စပ် နမ့်ပန်ချောင်းအနီးက စစ်ကောင်စီရဲ့ ဟွေအမ်တပ်စခန်းကို ယမန်နေ့ မတ်လ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲတော့ဖြစ်တယ်။ အဲဒီ ဟွေအွမ်ပေါ့နော။ ၅၄တပ် စခန်းထိုင်တဲ့နေရာ ဟွေအွမ် အဲဒီ နန့်ပန် ချောင်းဘေးပေါ့နော။ အဲဒါဖြစ်ပါတယ်။ ဟုတ်တယ်။ ကျနော်တို့ KA ကွန်မန်ဒိုရဲ့ ကွန်မန်ဒို တပ်ဖွဲ့ ဝင်တိုက်တယ်လေ။ မနက် ၅ နာရီ ၆ နာရီလောက်ပေါ့။ ၆ နာရီကျော်ကျော်လောက် ဝင်တိုက်တယ်လေ။ ဝင်တိုက်တော့ မိနစ် ၂၀၊ ၃၀ လောက်ထင်တယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ ၆၀ မမ ၁ လက်၊ စနိုင်ဘာ ၁ လက်၊ MA 1 ၁ လက်၊ MA 2 ၂ လက်၊ MA 4 ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများပြားခဲ့သလို စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...