spot_img
Monday, October 2, 2023
spot_imgspot_imgspot_imgspot_img

ရိက္ခာမလောက်လို့ ရွာပြန်ပြီး စိုက်ပျိုးရေးလုပ်တဲ့ စစ်ရှောင်တွေ လက်နက်ကြီးနဲ့ မိုင်းအန္တာရာယ်စိုးရိမ်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ စစ်ရှောင်စခန်းမှာ ဝေငှတဲ့ ရိက္ခာတွေမလုံလောက်တာကြောင့် နေရပ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းအန္တာရာယ်တွေကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ရွာသိပ်မပြန်ရဲဘူးပေါ့၊ ဒရုန်းနဲ့ထောက်ပြီး လက်နက်ကြီးတွေ ပစ်လာနေတယ်။ အရမ်းစိုးရိမ်မှုများတယ်၊ အရေးကြီးမှ ပြန်လာတယ်၊ ပြန်လည်း သတိဝိရိယနဲ့တော့ သွားနေရတယ်ပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရပ်အနီးက စိုက်ပျိုးမြေတွေမှာ အရဲစွန့်ပြီး ပြန်လာလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှာကို စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့မေလ အတွင်းမှာပဲ နေအိမ်မှာ ခြံလုပ်ငန်းပြန်လာလုပ်ကိုင်တဲ့ ငွေတောင်ရွာသစ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

စစ်ရှောင်စခန်းအတွင်း ဒေသခံတွေ ရိက္ခာတချို့ရရှိပေမယ့်လည်း အရင်နှစ်ထက် နည်းပါးလာတာကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အတူတူပါပဲ။ ဒါပေမယ့် အရင်နှစ်နဲ့ ဒီတစ်နှစ်က ဘာကွာလဲဆိုတော့ အရင်နှစ်က တစ်လတစ်ကြိမ်၊ မဟုတ်ရင် နှစ်လတစ်ကြိမ်ရတယ်၊ ဒီတစ်နှစ်က ၆ လမှ တစ်ကြိမ်ရတာမျိုးတွေ၊ အခက်အခဲ တော်တော်လေး ရှိလာတာပေါ့နော” လို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေ မကြာခဏ ကြုံတွေ့နေရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အလှူရှင်တွေလည်း မလာရောက်နိုင်ဘူးလို့ သိရပါတယ်။

Recent posts