spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာရရှိမှုနည်းပါးလာတာကြောင့် ဖရူဆိုစစ်ရှောင်တွေ စိုးရိမ်နေ

Author

Date

Category

CJ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်းဟာ ယခုနှစ် ရိက္ခာရရှိမှုနည်းပါးလာတာကို စစ်ရှောင်လူထုတွေက စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

” ဒါနဲ့ လူထုတွေက ကျနော်တို့ ဘာစားမလဲ ဆိုပြီးတော့ ကြိုးစားရုန်းကန်နေတာပေါ့။ ခုလောလော ဆယ်တော့ သူတို့ ကိုယ့်ဘာသာကို နည်းနည်းရပ်တည်နိုင်သေးတာပေါ့၊ ကြာလာရင်တော့ ဘာစားမလဲဆိုပြီး စိုးရိမ်နေကြတာပေါ့နော၊” လို့ ဆိုသယ်စစ်ဘေးရှောင်စခန်း ကူညီပေးသူ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆိုသယ်စစ်ဘေးရှောင်စခန်းမှာခိုလှုံနေတဲ့ ကျေးရွာခြောက်ရွာအထိ ရှိနေပြီး စုစုပေါင်း လူဦးရေ (၉၀၀) ကျော် ရှိနေပါတယ်။

စစ်ဘေးရှောင်တချို့ကတော့ အန္တရယ်တွေကြားက နေရပ်ပြန်စိုက်ပျိုးလုပ်ကိုင်တာတွေရှိနေကြပေမဲ့ မလုံလောက်ဘူးလို့သိရပါတယ်။ ဖရူဆိုမြို့နယ်ထဲကို စစ်ရှောင်လာတဲ့ တခြားသောစစ်ဘေးရှောင်တွေကလည်း ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်တာတွေမရှိတဲ့အတွက် တချို့ အိမ်ထောင်စုတွေမှာ ရိက္ခာပြတ်လပ်တာတွေရှိနေတယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းဟာ (၁၅) ခု အထိ ရှိနေပြီး အများစုက ယခုနှစ် ရိက္ခာ ရရှိမှူနည်းပါးလာတယ်လို့လည်း ဆိုပါတယ်။

“ကူညီပေးတဲ့ ဘာသာရေးအဖွဲ့ တစ်ခုကလည်း တကယ်အခက်အခဲရှိနေတဲ့ သူတွေလာ တောင်းလို့ရတယ်လို့ပြောတယ်။ သူတို့တဖွဲ့ပဲရှိတော့တယ်။ သူတို့ကလည်း လစဉ်မပေးတော့ဘူး။ လုံးဝ စားဖို့မရှိတော့ဘူးဆိုရင် လာတောင်းလို့ရတယ်ဆိုပြီးပြောတယ်။” လို့ ဖရူဆိုစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ယခင်နှစ်တွေမှာ တစ်လတစ်ကြိမ်နီးပါး အလှူတွေက စားနပ်ရိက္ခာတွေလာရောက်ပေးလှူတာတွေရှိပေမဲ့ ယခုနှစ်မှာတော့ ၄ လတစ်ကြိမ်၊ ၆ လ တစ်ကြိမ်အထိသာ ရိက္ခာရရှိတာကြောင့် လူထုတွေက အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်တောက်မှုတွေမကြာခန ကြုံတွေ့နေရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အလှူရှင်တွေလည်း မလာရောက်နိုင်ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts