spot_img
Sunday, December 10, 2023
spot_imgspot_imgspot_imgspot_img

ရေကြီးမှုကြောင့် မွေးမြူရေးကြက်တွေကို လျော့ဈေးနဲ့ ‌ရောင်းချပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ မိုးဗြဲရေကာတာကနေ ရေဖောက်ချမှုကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ ရေမြင့်တက်လာပြီး ကြက်မွေးမြူရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတော့တဲ့အတွက် ကြက်တွေကို လျော့ဈေးနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

မွေးမြူရေးကြက်တစ်ကောင်ကို ယခင်က ၁၂၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ရာမှ လက်ရှိမှာတော့ ၈၀၀၀ ကျပ်နဲ့ လျော့ချရောင်းပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကြက်အားလုံး မရောင်းထွက်နိုင်သေးဘူးလို့ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က မြို့ထဲမှာတွေကော ဒီးမော့ဆိုမြို့ထဲမှာတွေကော ဘယ်သူပဲ လာဝယ်လာဝယ်ပေါ့ ၈ထောင်နှုန်းနဲ့ပဲ ရောင်းချပေးလိုက်တာဗျ။ ၃သောင်းကျော်တယ်။ တစ်ကောင်ကို ၁၂၀၀၀ ပေါ့ ။ ၂သောင်းလောက်ကျန်တယ်။ ၁သောင်းလောက်တော့ ထွက်သွားပြီ ။ ၂သောင်းကျော်ကျော်လောက်ကျန်သေးတယ်”လို့ ဆိုပါတယ်။

စီးပွားအဖြစ်ပြန်မွေးမယ့်သူတွေအနေနဲ့ ကြက် အကောင်ရေရာချီနဲ့ ဝယ်ယူကြတာရှိသလို တချို့ကလည်း စားဖို့အတွက် ဝယ်ယူကြတာလည်းရှိပါတယ်။ ပြန်လည် မွေးမြူဖို့အတွက် ဝယ်ယူသူတွေကို မွေးမြူနည်းစနစ်တွေ မျှဝေပေးတာရှိတယ်လို့ ကြက်ခြံပိုင်ရှင်က ပြောပါတယ်။

“တချို့က ဒါလေးကို တကယ် ဝါသနာပါပြီးတော့မှလေ စနစ်တကျတကယ်လုပ်မယ်ဆိုရင် ဘာဖြစ်ဖြစ် ကျနော်တို့ဖက်က ဝမ်းသာတယ်ပေါ့နော်။ အဓိကက ကယားပြည်နယ် မွေးမြူရေး ဆိုတာ သူတို့ စိုက်ပျိုးရေးလိုပဲလေ။ စပါးများများစိုက်လို့ရှိရင် ဒေသတွက် ဖူလုံမယ် အားလုံးတွက် စီးပွားဖြစ်မယ်။ အဲ့ဒီသဘောမျိုးပဲ ကြက်လည်း ကြက်ပဲဖြစ်ဖြစ် ဝက်ပဲဖြစ်ဖြစ် ပေါ့နော် ဒီ မွေးမြူရေး သေချာလုပ်မယ်ဆိုရင်တော့ ဒေသတွက် ဖူလုံပြီးတော့မှ တခြားနေရာထိ ပို့လို့ရတဲ့ အဆင့်ထိ ကြိုးစားမယ်ဆိုရင်တော့ ကောင်းတာပေါ့” လို့ သူက ဆိုပါတယ်။

အဆိုပါ မွေးမြူရေးကြက်ကို စီးပွားဖြစ် လုပ်ကိုင်လာတာ ၈ နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။

ရေးကြီးမှုကြောင့် ဘုရားဖြူကျေးရွာက မွေးမြူရေးကြက်ခြံအပြင် အနီးအနားက စပါးဧက ၄၀ ကျော်လည်း ရေနှစ်မြှုပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ငါးမွေးမြူရေးလုပ်ကိုင်သူတွေလည်း ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts