spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

ရေနီကန်ကျေးရွာက အမျိုးသမီးတစ်ဦး ကင်မွန်းသီးသွားကောက်ရင်း မိုင်းနင်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် မထောခူအုပ်စု ရေနီကန်ကျေးရွာက အမျိုးသမီးတစ်ဦး ကျေးရွာအနီးမှာ ကင်မွန်းသီးသွားကောက်ရင်း မိုင်းနင်းမိပြီး ဘယ်ခြေထောက် ခြေမျက်စိအောက်ပိုင်း ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။

ယမန့်နေ့ မေလ ၁ရက်နေ့ နံနက်၈နာရီ ခွဲဝန်းကျင်အချိန်မှာ မြေမြုပ်မိုင်းကို နင်းမိခဲ့တာ ဖြစ်တယ်လို့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ပရဟိတ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ မနက်ခင်းပိုင်းပဲ သူ့အိမ်ကပြောတယ်။ တစ်ယောက်ထဲမသွားနဲ့ အဲ့လိုပြောသေးတယ်။ ဒီမနက်ခင်းပိုင်းပဲပေါ့နော။ သူ့အိမ်ကတော့ တစ်ယောက်ထဲမသွားနဲ့ ဆိုပြီးတော့ သူကတော့ တစ်ယောက်ထဲပဲ ထွက်သွားလိုက်တယ်။ ၈နာရီလောက်ဖြစ်မယ် ၇နာရီခွဲ ၈နာရီပေါ့။ ဖြစ်တဲ့အချိန်ကတော့ ခန့်မှန်းချေ ၈နာရီခွဲလောက်ပေါ့။
“ ပရဟိတ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၅၂နှစ်အရွယ် ဒေါ်နွဲ့မူဖြစ်ပြီး စားဝတ်နေရေးအတွက် ကင်မွန်းသီးသွားကောက်တာဖြစ်တယ်လို့ ပရဟိတ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

“ သူတို့ကတော့ ဒီဟာလေးတွေ အိမ်သုံးဖို့အတွက်နဲ့ တခါတလေ သူတို့ရောင်းဖို့အတွက် ရှိတာပေါ့နော။ လုပ်ကိုင်စားသောက်တာကတော့ အခက်အခဲလေးတွေရှိတဲ့အတွက်ပေါ့နော။” လို့ ၎င်းက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့မှာ စစ်ဘေးသင့်ခဲ့တဲ့ ဒေါဥခူ၊ ပန်ကန်း၊ ရေနီကန် စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပြန်လည်နေထိုင်ရာမှာ မပေါက်ကွဲသေးတဲ့ မိုင်းများ ၊ ဗုံးများကို တွေ့ရပါတယ်။

အမည်မဖော် လိုသူ ဒေသခံတစ်ဦးလည်း “ဘေးခြံထဲမှာ မကွဲသေးတဲ့ လက်နက်ကြီး ကျည်ရှိသေးတယ် ။ လာရှင်းပေးမယ်လို့ ပြောပေမယ့် ခုထိတော့ မရှင်းသေးဘူး ။ ကလေးတွေနဲ့ တိရိစ္ဆာန် တွေ နင်းမိ ကစားမိမှာကြောက်ရတယ်လေး။ “လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ နှစ်သိန်းနီးပါး စစ်ဘေးရှောင်နေရပါတယ်။

spot_img
spot_img
spot_img

Recent posts