Wednesday, January 26, 2022

ရှမ်း/တောင်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ရေး အစီအစဉ်ရေးဆွဲနေသေး

Must read

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

မူဂျာမီလှိုင်

ကယားပြည်နယ်ရှိ ဝေးလံခေါင်ဖျားသည့် ဒေသများကို ဦးစားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များကို ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးမည့်အစီအစဉ် တစ်ခုရှိသည်။ သို့သော် ရှမ်း/တောင်ဒေသဘက်တွင် လက်ရှိတွင် အစဉ်အစဉ်များကို ရေးဆွဲနေသေးကြောင်း သိရသည်။

“ကယန်းဒေသမျိုးတော့မရှိဘူး ဒါပေမဲ့ ဖယ်ခုံမြို့နယ်မှာတော့ သီးသန့်ထောက်ပံ့ပေးမှု အစီအစဉ်တွေတော့ ဆွဲနေတယ်”ဟု ကယန်းဝန်ကြီးခွန်းအေးမောင်က ပြောသည်။

မည်သည့်အချိန်တွင် စတင်ထောက်ပံ့ပေးမည်ကို အတိအကျမသိရှိသေးသော်လည်း ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပပြီး အစိုးရနှင့် လွှတ်တော်နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် သိရှိရမည်ဖြစ်ကြောင်း ဝန်ကြီးခွန်းအေးမောင်က ဆက်ပြောသည်။

ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသမှုခံယူနေသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မှုပေးမပေးကို မသိသော်လည်း ရံဖန်ရံခါအသုံးအဆောင်များကို ပေးအပ်ဖူးကြောင်း သိရသည်။

“ဆေးရုံတက်တဲ့အချိန်ဆို ခြင်ထောင်တော့ထောက်ပံ့ပေးတယ် ဒါပေမဲ့ အလှူငွေတော့ ပြန်ထည့်ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖယ်ခုံမြို့ဆေးရုံသည် ကုန်းထိပ်တွင် တည်ရှိနေပြီး လူနာများအတွက် သွားလာရအနည်းငယ် အခက်အခဲရှိသော်လည်း ဆရာဝန်များလုံလောက်စွာ ရှိနေသည့်အတွက် အဆင်ပြေကြောင်း ဗိုက်ခွဲမွေးခဲ့သူ ဒေါ်ဟယ်လင်ကပြောပါသည်။

”ဗိုက်ခွဲပြီးအချိန်မှာပေါ့ ကိုယ့်ဆွေမျိုးကိုခေါ်ပြီး ထမ်းခိုင်းရတယ် လူနာထမ်းတွေလဲမရှိဘူး တွန်းလှည်းလဲမရဘူး ဖယ်ခုံဆေးရုံရဲ့ ခွဲစိတ်ခန်းက ထိပ်မှာလေ” ဟု သူမ၏အတွေ့အကြုံကို ပြောပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များကို ယခုနှစ် အောက်တိုဘာလမှစတင်ကာ လူမှုဝန်ထမ်းအဖွဲ့မှ ၃ လ တစ်ကြိမ် ကိုယ်ဝန်ဆောင်မိခင်များကိုု ၁၅၀၀ဝကျပ်နှင့် (၂)နှစ်အောက် ကလေးသူငယ်များကို ၆၀၀ဝ ကျပ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အချို့ကလေးငယ်များသည် အဟာရမပြည့်ဝသည့်အတွက် ကျန်းမာသန်စွမ်းသော ကလေးသူငယ်များမဖြစ်လာနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များမှာလည်း အဟာရကို ပြည့်မီစွာ မစားသောက်ကြသည့်အတွက် ၎င်းတို့မှ မွေးဖွားလာသည့် ကလေးငယ်များမှာ ကျန်းမာသန်စွမ်းမှု နည်းပါးနေသည့်အတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
- Advertisement -

Latest article

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-346584808 ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၅ ရက်နေ့ KT FM ရဲ့ အင်္ဂါနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ- လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ-...