spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာမြေကိုပုံစံ(၇)ထုတ်ပြီး အရောင်းအဝယ်လုပ်ခဲ့ကြသူတွေနဲ့ ဒေသခံတို့ မြေယာအငြင်းပွားမှုဖြစ်

Author

Date

Category

စိုးထိုက်အောင်

ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာရဲ့ရွာမြေ ၃ ဧကကို ပုံစံ(၇)ထုတ်ပြီး အရောင်းအဝယ်လုပ်ခဲ့ကြတဲ့သူတွေနဲ့ ဒေသခံ ရွာသူ/သားတွေတို့ မြေယာအငြင်းပွားမှု ပြဿနာတွေ ကြုံတွေ့ နေကြရတယ်လို့ ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဂျူလိယားနို( ခ)ပြုံးချို ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ထဲမှာပဲ ရွာမြေကို သေနတ်ကိုင်ထားတဲ့သူတွေကနေပြီး လာရောက်ထယ်ထွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးဂျူလိယားနိုက “ ဒီမြေကိစ္စမျိုးနင်တို့က ဘာလို့လာထယ်နေတာလဲ ဒီမြေကိစ္စက ကျတော်တို့အမှု လုပ်ထားတယ်မပြီးသေးဘူး မထယ်သေးပါနဲ့အုံး မလုပ်သေးပါနဲ့အုံး ကျတော်တို့အမှုပြီးတဲ့အချိန်မှ ကျတော်တို့နိုင်လား၊ ရှုံးလား ဆိုလို့ရှိရင်တော့ အဲ့အချိန်မှ ဝင်လုပ်ရင်လုပ် လို့သူ့ကိုပြောထားတယ် သို့သော် ဒီအဖွဲ့အစည်းက ဘယ်လိုမျိုးချိန်းခြောက်လာလဲ ဆိုလို့ရှိရင် သူက အေးကျတော်တို့အခု ဒီမြေဆိုလို့ရှိရင်တော့ ကျတော်တို့ဝယ်ထားတယ် ဒီမှာကျတော်တို့မြေဂရမ်ရှိတယ် သူကမြေ ဂရမ်နဲ့သူတို့က ကိုင်ပေါက်နေတာ။” လို့ ပြောပါတယ်။

ရွာမြေကို ဒေသခံရွာသူ/သားတွေမသိပဲ တခြားရွာမှာနေထိုင်တဲ့သူကနေပြီး ပုံစံ(၇) ပြုလုပ်ကာ အရောင်းအဝယ်ပြုလုပ်ခဲ့တာကြောင့် ဝယ်သူတွေဘက်ကနေ စိုက်ပျိုးဖို့ ထယ်လာထွန်တာလို့ သိရပါတယ်။

မြေကို ဝယ်ယူပြီး ထယ်ထွန်တဲ့အချိန်မှာ လက်နက်ကိုင်ပြီးတော့ ချိန်းခြောက်တာ မဟုတ်ပါဘူး ထယ်ထွန်တဲ့နေရာကို လာလည်တာပါလို့မြေယာဝယ်ယူပြီ ထယ်လာထွန်တဲ့ ဦးလှဖေက ပြောပါတယ်။

အငြင်းပွားနေတဲ့ မြေယာမှာ ထယ်ထွန်ပြီးတဲ့အချိန်မှာ ရွာသူ\သားများသွားရောက်ကြည့်နေကြစဉ်

“ သူတို့က ဟို ဘယ်လိုပြောမလဲ အဖွဲ့အစည်းတစ်ယောက်က ကျတော်မြေးဘဲလေး သူလာလည်တာ။” လို့ ကန္တာရဝတီတိုင်း(မ်)သို့ ဦးလှဖေက ပြောပါတယ်။

အခုလိုဒေသခံတွေ သဘောထားမပါဘဲ ရွာမြေရောင်းချခံလိုက်ရတဲ့အတွက် သက်ဆိုင်ရာကိုတိုင်ကြားထားတဲ့ ကာလအတွင်းထယ်မထွန်သေးဖို့ ရွာသူရွာသားတွေက တားမြစ်ထားကြတာဖြစ်ပါတယ်။

ပုံစံ(၇) လုပ်ပေးရတာနဲ့ပတ်သတ်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ မြေယာပိုင်ရှင်တွေ ရပ်ကျေးတွေရဲ့ ထောက်ခံချက်ပါမှသာလျှင် ထုတ်ပေးရတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစရင်း ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဦး ရှင်းပြပါတယ်။

“ သက်ဆိုင်ရာတည်ရှိတဲ့ အဲ့ဒီမြေ ပတ်ဝန်းကျင်မှာ ကျတော်တို့ရဲ့ပုံစံလယ်အသစ်တွေအပေါ်မှာရှိတဲ့ ဘေးပတ်ဝန်းကျင်လက်မှတ်ထိုးပေးမယ်၊ အဲ့ဒီရပ်ကျေး အဲ့ဒီလျှောက်တဲ့ ဟိုဟာကနေပြီးမှ ထောက်ခံပေးရမယ် ကျတော်တို့လယ်သစ်တွေမှာ ပါတယ်ဗျ အဲ့ဒီမှာ မြေယာမှုခင်းတွေမဖြစ်အောင်ဆိုပြီးတော့မှ ကျတော်တို့က အဲ့ဒါတွေစုံမှကျတော်တို့က အမှုတွဲဆင် ဆင်ပြီးမှကျတော်တို့ကပေးရတာဗျ။” လို့ ဦးသန်းထွန်းဦးက ပြောပါတယ်။

ညောင်ကုန်းကျေးရွာ အတွင်းရေးမှူးဦး မားရ်ကို က “ သူတို့ပြောတာတော့ ၁၉၈၄မှာ ဝယ်ခဲ့တယ်ဆိုတာက ဘာဝယ်တာလဲ ကျတော်တို့လဲ မသိဘူး နောက်ပြီးတော့သူပြောလိုက်တာက ကျတော့်အဖေက အဲ့မှာလုပ်စားသေးတယ် ဆိုပြီးတော့၊ အဲ့မှာ သူလယ်ဝယ်တဲ့အချိန်မှာ ဒါလဲပါတယ်ဆိုပြီးတော့ အဲ့လိုမျိုး သူပြောလာတယ်။” လို့ပြောပါတယ်။

အခုလက်ရှိပြသနာဖြစ်နေတဲ့မြေယာ( ၃)ဧကကို ညောင်ကုန်းရွာက ဘိုးဘွားတွေ လက်ထက်ကတည်းက ကျေးရွာဥက္ကဌနဲ့ကျေးရွာသူ\သားတွေက ကျေးရွာပိုင် နွားစားကျက်အနေနဲ့သတ်မှတ်ထားခဲ့တယ်လို့ ဦးမားရ်ကိုက ပြောပါတယ်။

ဝယ်ယူတဲ့ လူတွေဘက်က လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ(၇) ရှိလို့ဝယ်ပေမဲ့လဲ အခုလိုမျိုးပြသနာတွေ ဖြစ်လာတဲ့ အတွက် အမှုရင်ဆိုင်ရင် ပုံစံ (၇) ကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းထားတယ်လို့သိရပါတယ်။

ရောင်းတဲ့သူနဲ့ ညောင်းကုန်ကျေးရွာသူ\ သားတွေ ပြန်လည်ညှိ့နှိုင်းပြီး ရောင်းတဲ့ သူဘက်က အမှုနိုင်မှ ပုံစံ(၇) ကိုပြန်ထုတ်ပေးမယ်လို့သိရပါတယ်။

ကျေးရွာပိုင်မြေကို ရောင်းတဲ့ သူနဲ့ဝယ်တဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာမိရွာဖတွေဆီမှာ ကျေးရွာရန်ဘုံငွေထည့်ပေးမယ် ဒီအမှုကို ပိတ်ပေးပါလို့ပြောပေမဲ့လဲ ကျေးရွာသူ၊ သားတွေက သဘောမတူဘူးလို့ရပါတယ်။

ကျေးရွာပိုင်မြေကို အခုလိုမျိုးလာလုပ်တဲ့ အတွက်ကြောင့် ညောင်ကုန်းကျေးရွာက ဒေသခံတွေကတော့ သဘောမတူနိုင်တဲ့အတွက် ကန့်ကွက်စာတွေ ပြည်နယ်လွှတ်တော်ရဲ့ တိုင်စာပစ်စာကော်မတီ၊ ပြည်နယ်အစိုးရ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဖွဲ့တွေဆီ ပေးပို့ထားတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts