spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မြို့ခံတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထမ်းဆောင်ဖို့ စာရင်းကောက်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ ပိတ်မိနေတဲ့ ဒေသခံတွေထဲက အသက် ၁၇ ကနေ ၅၅ နှစ် ကြားရှိသူတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထမ်းဆောင်ဖို့ဆိုပြီး စာရင်းတွေ ကောက်ယူသွားခဲ့တယ်လို့ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံတွေစုပေါင်းနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် စာရင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။

“ရွာသစ်မှာ အသက် ၁၇ – ၁၈ ကနေ ၅၅ အထိ ယောင်္ကျားလေး မှန်သမျှ ပြည်သူ့စစ် (ပျူစောထီး) လုပ်ခိုင်းနေပါတယ်။ ပြည်သူ့စစ်လုပ်မယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ် ပတ်လောက်က ပြောတယ်။ ခုတော့ ထပ်ပြောလာတာတော့ မရှိတော့ဘူး။ နေ့တိုင်းတော့ လူဦးရေ အတိုးအလျော့စစ်တယ်။ အသက် အပိုင်းအခြားအလိုက် စာရင်းကောက်တယ်။ ကိုယ့်ဒေသကို ကာကွယ်ရမယ် ဆိုပြီး အသက် ၁၇ ကနေ ၅၅ အထိ။ ယောင်္ကျားလေး၊ မိန်းကလေးလည်းပါတယ် ပြောတယ်။ စာရင်းလာကောက်သွားတာ။” လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေသူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ လည်းသိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်ကို ဖမ်းဆီးသွားမှန်း မသိအောင် မျက်နှာကို အဝတ်စစည်းပြီး ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လာသူ တချို့ ရှိပေမယ့် ပြန်မလွှတ်လာသေးသူလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ရွာသစ်မြို့တွင်းမှာ ပိတ်မိနေသူတွေဟာ ဘုန်ကြီးကျောင်း လေးကျောင်းမှာ နေထိုင်ကြတာဖြစ်ပြီး တစ်ကျောင်းနဲ့တစ်ကျောင်းရဲ့ အဖြစ်အပျက်တွေ၊ ကြုံတွေ့ရတာတွေကိုလည်း မသိရှိရဘူးလို့ ဒေသခံတွေနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

“နှိပ်စက်တာကတော့ တချို့ဆို လမ်း‌တောင်မလျှောက်နိုင်အောင် နှိပ်စက်ထားတယ်။ တော်တော်ကိုဆိုးဆိုးရွားရွား နှိပ်စက်တယ်။ ခေါ်ဆောင်သွားခံရတဲ့လူတွေဆို ထမင်းမစားရ၊ ရေမသောက်ရ နေ့ခင်းဆို နေပူထဲကြိုးတုတ်ထားတယ်။ ညကျ ဗုံးခိုကျင်းထဲ ထည့်ထားခံရတယ်။ ဘယ်နေရာ ခေါ်ဆောင်သွားလည်း မသိရအောင် မျက်လုံးကို အ၀တ်နဲ့ အုပ်ထားတယ်။” လို့ ရွာသစ်ဒေသခံတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ Telegram Channel တစ်ခုမှာ ဖော်ပြထားတဲ့ ရွာသစ်မြို့ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့စဉ်

စစ်ကောင်စီတပ်ဟာ အခြေအနေမကောင်းတော့တာကြောင့် ဒေသခံအရပ်သားတွေကို အကြပ်ကိုင်ပြီး အခုလို စေခိုင်းတာဖြစ်နိုင်တယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

“သူတို့ကတော့ စစ်တပ်လုပ်ခိုင်းတာကတော့ လုပ်ခိုင်းမှာဘဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် စစ်တပ်အခြေအနေက အခြေအနေ မကောင်းတော့ဘူးလေ။ အဲ့တော့ လုပ်နိုင်တာပေါ့လေ။ ဒါပေမယ့် ဒီအခြေအနေကတော့ ကျနော်တို့ ဘာမှ(သတင်း) မရဘူးတော့ မပြောတတ်ဘူးပေါ့။ အဲ့ဒီရွာသစ်အခြေအနေက။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

လတ်တလောမှာတော့ ရွာသစ်အနီးမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးပေမယ့် အချိန်မရွေး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာတာတယ်လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေဆဲဖြစ်တဲ့အတွက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရွာသစ်မြို့အတွင်းကို ဝင်ရောက်တပ်စွဲကာ အရပ်သားပြည်သူ (၃၀၀) ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts