spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မြို့ခံတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ လက်အောက်ခံ မြို့ခံတွေက သိမ်းယူ၊ ပိတ်မိနေသူများ ကိုယ်ထိလက်ရောက် ကျုးလွန်ခံနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့တွင်းက မြို့ခံတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ မြို့ခံတွေက သယ်ယူပြီး ဘောလခဲမြို့ကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရှိထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မြို့ခံပိုင် ကား၊ ဆိုင်ကယ်တွေကိုလည်း စိတ်ကြိုက်အသုံးပြုနေကြတာဖြစ်ပြီး ပိတ်မိနေတဲ့ မြို့ခံတွေကို ကားမောင်းနှင်ဖို့ စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

သိမ်းယူထားတဲ့မြို့ခံတွေရဲ့ ပစ္စည်းတွေကို ဘောလခဲမြို့ကို သယ်သွားပြီး စားနပ်ရိက္ခာတွေကို ပြန်လည်သယ်ဆောင်လာကြတာကို မျက်မြင်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ပိတ်မိနေတဲ့ မြို့ခံတွေနဲ့ နီးစပ်သူတွေဆီကနေ သိရှိရပါတယ်။

“ပြည်သူပိုင် ပစ္စည်းတွေကို ဘောလခဲကို သယ်ပြန်ပြီး သူတို့ရိက္ခာ ပြန်သယ်လာကြတယ်။
ပြည်သူပိုင် ပစ္စည်း ဆိုင်ကယ်/ ကား/ သစ် တွေ ၊ အိမ်သုံးပစ္စည်းတွေ။ တခါသွားလာရင် ကား ၄ စီးလောက်။ အစုံပဲ ရေခဲသေတ္တာ က အစ ယူတယ် ပြောတယ်။ သူတို့မှာ သေနတ်ရှိနေတော့ ပြည်သူတွေက ဘာမှ မပြောရဲဘူး။ ပြည်သူပိုင် ဆိုင်ကယ်တွေဆို ဘုန်းကြီးကျောင်းအထိ ယူသွားတယ်။ ဓားပြတိုက်တယ်လို့ ပြောရမှာပေါ့။ ပြီးရင် စစ်တပ်ထောက်ခံ့တဲ့ လူက စစ်တပ်နဲ့ လိုက်ပါပြီး ပြည်သူအိမ်တွေကို လိုက်ပြပြီး ပစ္စည်းတွေကို လိုက်ယူနေတယ်။ ပြည်သူတွေကို ဘုန်းကျောင်းမှာ လှောင်ထားပြီး သူတို့က အိမ်တွေမှာ လိုက်ယူနေတယ်။” လို့ ရွာသစ်မြို့ခံနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ယူသွားပြီး မသယ်ယူတဲ့ ပစ္စည်းတွေကိုတော့ ဖျက်ဆီးသွားခဲ့တာတွေလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

ပိတ်မိနေသူတွေဟာ လက်ရှိမှာ ဘုန်းကြီးကျောင်းထဲမှာဘဲ စုပေါင်းနေထိုင်ကြရဆဲဖြစ်ပြီး ဒဏ်ရာရရှိတဲ့အထိ စစ်ကောင်စီတပ်သားတွေအပြင် စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းတဲ့ မြို့ခံတွေရဲ့ နိုင်ထက်စီးနင်းမှုအပြင် ကိုယ်ထိကိုယ်ရောက်ကျုးလွန်ခံရတာတွေလည်း ရှိနေတယ်လို့ သိရှိရပါတယ်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေဆဲဖြစ်တဲ့အတွက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရွာသစ်မြို့အတွင်းကို ဝင်ရောက်တပ်စွဲကာ အရပ်သားပြည်သူ (၃၀၀) ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts