spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မှာရှိတဲ့ BGF တပ်ရင်းနှစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်နေရာယူထား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူထားတဲ့ ကရင်နီပြည် မယ်စဲမြို့နယ် ပန်တိန်းဒေသက နယ်ခြားစောင့် ( BGF ) ၁၀၀၄ တပ်စခန်းနဲ့ ရွာသစ်မြို့ စွတ်ပိုင်ဒေသက ၁၀၀၅ တပ်စခန်းနေရာကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အဲဒီတပ်ရင်းရုံးတွေမှာ ပြန်လည်နေထိုင်ကြောင်း စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး website (အင်တာနက်စာမျက်နှာ) ကနေ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ website ကနေ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပြီး လက်နက်တချို့ကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပါတ်သက်ပြီး ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က တော့ BGF တပ်ရင်းနှစ်ခုကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတာ မှန်တယ်လို့ အတည်ပြုပြောပါတယ်။

“၁၀၀၄ ခါကျတော့ ကျနော်တို့ မယ်စဲ့မြို့နယ်ထဲက ပန်တိန်းဆိုတဲ့ ရွာမှာရှိပါတယ်။ ဒီ ၁၀၀၄ စခန်းပေါ့နော။ BGF က အဲဒီတော့ တပ်က ပြန်လာပြီးတော့ နေတာရှိတယ်လေ။ တပ်ရင်းနှစ်ရင်းပေါ့နော။ အဲဒါကတော့ မှန်ပါတယ်။ အစကတည်းက BGF ၁၀၀၄ တွေနေတယ်ပေါ့လေ။ ကျနော်တို့ ဆုတ်သွားပြီးတော့ ရန်သူက ခဏပြန်နေတဲ့ သဘောပဲ။ ဒါပေမယ့် ရေရှည်တော့ မနေနိုင်ဘူး ထင်တာပဲလေ။ ” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ရွာသစ်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေ အသုံးပြုတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ၂၇ ရက်နေ့ ညပိုင်းမှာ ရွာသစ်မြို့မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ် ဝင်ရောက်နေရာယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ၊ စစ်သည်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ငါးဦးကျဆုံးပြီး အဲဒီအထဲ KA က ဗိုလ်ဘဲရယ် ပါဝင်တယ်လို့ အတည်ပြုရရှိပါတယ်။

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတချို့ကတော့ ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေခဲ့တယ်လို့ သိရပါတယ်။

“ စစ်တပ်တွေက အခုလောလောဆယ် အရင်က သူတို့ စစ်တပ်စခန်းဟောင်း မှာနေရာယူထားတယ်။ ရွာထဲမှာတော့ ဘုန်းကြီးကျောင်းရှိတဲ့နေရာမှာ သူတို့ ဘုန်းကြီးကျောင်းမှာ လာစုနေတဲ့ ပြည်သူတွေကို သူတို့ ပိတ်နေတယ်အခုက။ ရွာအပြင်ပေးမထွက်တော့ဘူး။” လို့ ရွာသစ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ထွက်ပြေးဖို့ ကြိုးစားတဲ့ ဒေသခံ လေးယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တာရှိတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ခုရဲ့ ပြောပြချက်အရ သိရပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေအတွက်လည်း မိုးရာသီဖြစ်တဲ့အတွက် မိုးကာတွေ လိုအပ်နေတယ်လို့ ရွာသစ်ဒေသခံ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“အဓိက လိုအပ်ချက်ကတော့အားလုံးလိုလိုဖြစ်နိုင်တာပေါ့ ကိုယ့်ရိက္ခာတွေလည်း သူတို့ မယူအားဘူး။ အိုးခွက် ပန်းကန်တွေလည်း မသယ်အားဘူး။ ဗြုန်းကနဲ ဖြစ်လာတော့ သူ့ခမျာလည်း လေယာဉ်ဗုံးကြဲတော့ ကြောက်လန့်တော့ ထွက်ပြေးနေရတဲ့ အခါကျတော့ ဘာမှမယူအားတော့ဘူးလေ။ ရှိတဲ့ဟာနဲ့ ဝေစားမျှစားကြတာပေါ့။” လို့ ရွာသစ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာလည်း ရွာသစ်မြို့အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ကြောက်လန့်ပြီး ကြိုတင်တိမ်းရှောင်နေသူတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်တဲ့ ကရင်နီပြည်က ရွာသစ်မြို့နဲ့၊ မယ်စဲ့မြို့ နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဇွန်လ ၁၃ ရက်နေ့က စပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားနိုင်ခဲ့တဲ့အပြင် မယ်စဲ့မြို့တမြို့လုံးကိုပါ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဇွန်လ ၂၄ ရက်နေ့မှာ ကရင်နီတပ်မတော်ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း( မ် ) ကို အတည်ပြုပြောကြားခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီ ပြန်လည်ရရှိသွားတဲ့ BGF တပ်စခန်းနှစ်ခုဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်‌ရေး တပ်ဦး ( KNPLF ) ကနေ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းပြီး ၁၀၀၄ တပ်နဲ့ ၁၀၀၅ တပ်အဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

ယခုလ ဇွန်လထဲမှာ BGF တပ်ရင်းနှစ်ခုက တပ်ဖွဲ့ဝင်တချို့ဟာ လက်နက်တွေနဲ့အတူ ကရင်နီ ပူးပေါင်းတပ်တွေနဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။

စစ်ကောင်စီ website မှာ ဖော်ပြထားတဲ့ နယ်ခြားစောင့်တပ် ၁၀၀၅ တပ်ရင်းရုံးပုံ။
spot_img
spot_img

Recent posts