spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မှာ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ အရပ်သား ၆ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှု ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ၄ ဦး၊ ၂၉ ရက်နေ့မှာ ၂ ဦး ပစ်သတ်ခံထားရတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

“ရွာသစ်ပြည်သူ ၆ ယောက်ကို စစ်တပ်က ပစ်သတ်သွားတာ။ မြို့ထဲမှာလည်း တော်တော်များများ နေရာယူထားတယ်။ ၂၈ ရက်နေ့လောက်က ပြည်သူ ငါးယောက်ကိုလည်း ဖမ်းသွားသေးတယ်။ ပြန်တော့လွှတ်ပေးတယ်။ အမျိုးသားတွေ။ ၂၇ ရက်နေ့က ၄ ယောက်၊ ၂၉ ရက်နေ့လောက်မှာ ၂ ယောက် အသတ်ခံထားရတာ။ ပြည်သူတွေနေကြတဲ့ ဘုန်းကြီးကျောင်းအနီးနားမှာပဲ ပစ်သတ်တာ၊ ဘုန်းကြီးကျောင်းအပြင် ထွက်လို့တဲ့။ ၆ ယောက်ထက်လည်း ပိုနိုင်မယ်၊ တောင်ယာက ပြန်လာတဲ့သူတွေလည်း ပစ်ခံရတယ်လို့ ပြောတယ်။ အတည်ပြုနိုင်တာကတော့ ၆ ယောက်ပါ။” လို့ ရွာသစ်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပစ်သတ်ခံရတဲ့ သူတွေဟာ ရွာသစ်ဒေသခံတွေဖြစ်ပြီး ၎င်းတို့ တိမ်းရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းထဲကနေ အပြင်ကို ထွက်သွားတဲ့အတွက် ပစ်သတ်လိုက်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကိုလည်း တစ်နေ့ နှစ်ခေါက် ဝင်ရောက်စစ်ဆေးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘုန်းကြီးကျောင်းရဲ့အပြင်ဘက်ကို ပြန်ပေးထွက်တာ နှစ်ရက်လောက်တော့ ရှိနေပြီလို့ ဒေသခံတွေ က ပြောပါတယ်။ ရွာသစ်မြို့တွင်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် အနီးအနားဝန်းကျင်မှာ ဖြစ်ပွားနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကတော့ အခြေအနေ ငြိမ်တယ်ဆိုပေမယ့် တော်တော်များများကို သူတို့ လိုက်ပတ်စစ်တယ်။ အင်အားတော့ ရာနဲ့ချီ ရှိလောက်မယ်။ တိုက်ပွဲတော့ မဖြစ်ဘူး မြို့ထဲမှာ။ စိုးရိမ်တာကတော့ လူသားဒိုင်းနဲ့ ပေါ်တာပဲ။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ -၂၇ ရက်နေ့မှာ ရွာသစ်မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ထပ်မံ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်လူထု (၅၀၀) ဝန်းကျင်ရှိနေတယ်လို့ ရွာသစ်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် အဆိုပါ စစ်ရှောင်တွေအတွက် မိုးကာတွေ နဲ့ စားနပ်ရိက္ခာတွေ အထူးလိုအပ်ချက်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ရွာသစ်မြို့အနီးမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီ က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts