spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲမှာ အနိုင်ရရှိရင်လွိုင်ကော်မြို့က ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်နေမှု ပြန်လည်သုံးသပ်မယ်

Author

Date

Category

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် အရပ်ဘက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုကန့်ကွက်နေတဲ့ လွိုင်ကော်မြို့က ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်နေမှုအပေါ် ပြန်လည်သုံးသပ်သွားမယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကတိပေးပြောကြားခဲ့ပါတယ်။ အဲဒီခဲသတ္တုသန့်စင်စက်ရုံဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု အနောက်ဘက် စက်မှုဇုန်အပိုင်း ၂ ရှိ မြေဧက (၁၁၃)ပေါ်မှာ တည်ဆောက်နေတာဖြစ်ပါတယ်။ အဲဒီခဲသတ္တုသန့်စင်စက်ရုံကို Global South Industrial Co.Ltd နဲ့ ပြည်တွင်းက ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်နဲ့ရောရာသတ္တုတွေကို သန့်စင်ပြီး စက်မှုကုန်ချောထုတ်လုပ်ငန်းကို လုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားပါတယ်။

spot_img
spot_img

Recent posts