spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွှေ့ပြောင်းတောင်ယာတွေကို အမြဲတမ်းတောင်ယာစနစ်ပြောင်းဖို့ စီစဉ်နေ

Author

Date

Category

စိုးထိုက်အောင်

သစ်တောဦးစီးဌာနတွေကနေ သစ်တောပြုန်းတီးမှုတွေပပျောက်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာစနစ်တွေကနေ အမြဲတမ်းတောင်ယာစနစ်ကိုသွားဖို့အတွက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ရွှေ့ပြောင်းတောင်ယာတွေ မလုပ်တော့ဖို့နဲ့သစ်တောပြုန်းတီးလာမှုတွေကို ကာကွယ်ဖို့အတွက် သစ်တောဦးစီးဌာနကနေပြီးတော့ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်နေတဲ့ဒေသတွေမှာ သစ်ပင်တွေဖြန့်ဝေပေးနေတယ်လို ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးမှုး ဦးစွမ်းထက်ကို ကပြောပါတယ်။

“ ဒီတော သာကုန်သွားတယ်ပေါနော သူတို့ရွှေ့ပြောင်းတောင်ယာတွေလုပ်တဲ့နေရာမှာ သူတို့ပိုင်တဲ့၊ ရွာကပိုင်တဲ့တောတွေရှိတယ် အဲ့ဒီတောတွေမှာသူတို့လုပ်ကြတယ်လေနော။ အဲ့တော့ အဲ့လိုကုန်ကျတဲ့အတွက် ကျတော်တို့အနေနဲ့ကတော့ ကျနော်တို့က ရွှေ့ပြောင်းတောင်ယာမလုပ်ဖို့အတွက်ကျတော့ ကျနော်တို့ဖက်က တတ်နိင်တဲ့ဘက်က သစ်ပင်တွေပေးပါတယ်။” လို့ဦးစွမ်းထက်ကို က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း တောင်ယာ ခုတ်ထွင်ရှင်းလင်းထားတဲ့ မြင်ကွင်း တစ်နေရာကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ – ကန္တာရဝတိုင်း(မ်)

မြေယာဥပဒေပေါ်လာပြီးတဲ့နောက်မှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်နေသူ အများစုက အစိုးရကသတ်မှတ်ထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမှာ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ရွှေ့ပြောင်းတောင်ယာမြေဟာဆိုရင် မိရိုးဖလာအဆက်ဆက်ကတည်းကနေ လက်ဆင့်ကမ်းလုပ်ကိုင် စိုက်ပျိုးလာတယ်ဆိုတဲ့အထောက်အထားတွေကိုတော့ ကျေးရွာတွေမှာ စာရင်းဇယားတွေ ၊ စာအုပ်တွေနဲ့ မှတ်တမ်း တွေပြုလုပ်ထားတာတွေလည်း တချို့ရွာတွေမှာ ရှိထားကြပါတယ်။

ဘိုးဘွားရွှေ့ပြောင်းတောင်ယာအများစု လုပ်ကိုင်လျက်ရှိတဲ့ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရွာမှ ဒေသခံတောင်သူတွေဟာဆိုရင်တော့ ဒီလိုရွေ့ပြောင်းတောင်ယာတွေကို အသိအမှတ်ပြုပေးဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေမှာ တင်ပြပေမယ့်လည်း အသိအမှတ်မပြုနိုင်သေးဘူးလို့ ကွိုင်ငံကျေးရွာမှ ရွာမိရွာဖ ဦးတီးနိုက ပြောပါတယ်။

“ကျတော်တို့အဲ့ဒီရွာရဲ့နယ်နိမိတ်တင်တယ် ဒါပေမဲ့ တစ်မြို့နယ်လုံးမသတ်မှတ်၊ တစ်အုပ်စုထဲသွားတင်လို့မဖြစ်နိုင်ဘူးတဲ့ အဲ့လိုမျိုး အဲ့ဒါကြောင့် ကျတော်တို့မှာလဲ အဲ့ဒီနယ်နိမိတ်ပုံစံ ၇တို့ မြေကွက်ဧရိယာရုံးမှာ ဘယ်လိုရပြောလဲ သတ်မှတ်ပေးဖို့ဆိုတာ သူတို့ကမသတ်မှတ်ပေးနိုင်သေးဘူး” လို့ ဦးတီးနိုက ပြောပါတယ်။

တစ်ချို့ကျေးရွာတွေမှာ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်နေတဲ့လူတွေက စုပေါင်းပြီးတော့ကျေးရွာပိုင်၊ လူမျိုးစုပိုင်၊ လူတစ်ဦးတစ်ယောက်ပိုင်တွေအနေနဲ့လဲ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ဘိုးဘွားအစဉ်အဆက်ထိန်းသိမ်းလာတဲ့ တောတွေရှိသလိုသစ်ပင်တွေအခုမှစိုက်တာလဲရှိနေတယ်လို့သိရပါတယ်။

ရွေ့ပြောင်းတောင်ယာနဲ့လုပ်ကိုင်တာနဲ့ပတ်သတ်ပြီး “ ဒီကျတော်တို့အရပ်ဒေသကျတော့ ရွေ့ပြောင်းတောင်ယာနဲ့ပတ်သတ်ပြီးတော့ ကျတော်တို့မှာ ၁၀နှစ်လား ၁၅နှစ်လား သန်ရင်သန်သလိုလေ၊ မြေဆီမြေနှစ်ကောင်းရင်ကောင်းသလိုဘဲ အဆက်မပြတ် တစ်ချို့က အနှစ်၂၀၊ ၂၀ကျော်ထိလုပ်တာ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့နော် အခုလောလောဆယ်ကျတော့ မြေဆီမြေနှစ်နည်းနည်းမကောင်းတဲ့နေရာကျတော့ အနားပေးထားတယ်။”ကွိုင်ငံေဦးဂျေနရီကပြောပါတယ်။

ကယားပြည်နယ် အတွင်းမှာရှိတဲ့ သစ်တော ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ စုပေါင်းပြီး ရွေ့ပြောင်းတောင်ယာတွေကနေ အမြဲတန်းတောင်းယာ အဖြစ်လုပ်ကိုင်နိုင်ဖို့အတွက် ကယားပြည်နယ်တစ်ခုလုံးမှာ သာမက ပြည်နယ်အဆင့်ဟောပြောပွဲတွေလဲ ပြုလုပ်နေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts