spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်၊ တောင်ကြီးမြို့မှာ ယာယီနေထိုင်ခွင့်အတွက် ဓါတ်ပုံနဲ့ အိမ်ထောင်စုစာရင်း လိုအပ်ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေကို ယာယီနေထိုင်ခွင့်ပေးဖို့အတွက် ဓါတ်ပုံ နဲ့ အိမ်ထာင်စုစာရင်းတွေ တောင်းယူနေတယ်လို့ တောင်ကြီးမြို့ရောက် ကရင်နီ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“ပုံရိုက်ရတာကလေ ယာယီနေထိုင်ခွင့် ကို ရိုက်ရတာ။ ဧည့်စာရင်းတိုင်လို့ရှိရင်တော့ ဓါတ်ပုံရိုက်စရာမလိုဘူး။ ဧည့်စာရင်းတိုင်တာကြတော့ ၁ ပတ်ပဲ နေထိုင်ခွင့်ရတယ်။ ယာယီနေထိုင်ခွင့်ကြတော့ ၃ လ ရတယ်။ ယာယီနေထိုင်ခွင့်အတွက် ဓါတ်ပုံလိုတယ်။ အိမ်ထောင်စုစာရင်းလိုတယ်။” လို့ တောင်ကြီးမြို့ရောက် ကရင်နီ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ယာယီနေထိုင်ခွင့် ၃လအတွက် ဓါတ်ပုံရိုက်ပြီး အိမ်ထောင်စုမူရင်း ပြရပြီး၊ အိမ်ထောင်စုစာရင်း မပြနိုင်ရင်တော့ ယာယီနေထိုင်ခွင့် ၃ လအတွက် ကဒ်မရရှိဘူးလို့ သိရပါတယ်။ အိမ်ထောင်စုစာရင်း မရှိတာကြောင့် ယာယီနေထိုင်ခွင့် ကဒ်ပြားမရတဲ့သူတွေကတော့ ရပ်ကွက်ရုံးမှာ တစ်ပတ်စာ နေထိုင်ခွင့် ဧည့်စာရင်း တိုင်ကြားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေထွက်လာပြီး နောက်ပိုင်းမှသာ အခုလို ယာယီနေထိုင်ခွင့်ကဒ်ပြား လုပ်ဆောင်ရတယ်လို့ သိရပါတယ်။ ယာယီနေထိုင်ခွင့်အတွက် ဓါတ်ပုံရိုက်ရတာကြောင့် စိုးရိမ်မှုရှိတယ်လို့ နောက်ထပ် ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။

“ပုံပါ တောင်းရိုက်တယ်လေ။ နေထိုင်ကြောင်း ပြသတယ်လို့သာပြောတာ ပုံတွေ ယူပြီး တစ်ခုခု လုပ်ရင်လည်း မပြောတတ်ဘူးလေနော်။ ဘယ်လိုတွေ ထပ်ဖြစ်မလဲမသိပါဘူး။ ပုံရိုက်တာလည်း နေထိုင်တဲ့ သူမှန်သမျှ အကုန်ရိုက်ရတာပေါ့။ ဥပမာ မိသားစုဝင်တွေ နေမယ့်သူတွေ အားလုံးပေါ့ “ လို့ သူက ပြောပါတယ်။

ခရီးသွားလာတဲ့ ကရင်နီဒေသခံတွေဟာ ရှမ်းပြည်နယ်မှာ မိမိအမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာကို နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ တာ၀န်ရှိသူတွေရဲ့ လက်မှတ်ပြနိုင်မှသာ သွားလာခွင့်ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းကို တိမ်းရှောင်ကြတဲ့ ကရင်နီဒေသခံတွေဟာ မှတ်ပုံတင်ပျောက်ဆုံးတာ၊ အိမ်ထောင်စုစာရင်းမရှိတာ၊ အရေးကြီးစာရွက်စာတမ်း မပါလာတာကြောင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ အခက်ကြုံရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts