spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်၊ ပင်လောင်းက ကရင်နီ စစ်ရှောင် (၅၄၇) ဦးအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ အလှူရှင် လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာကို ကရင်နီပြည်၊ လွိုင်ကော်မြို့က စစ်ရှောင် (၅၄၇) ဦးရောက်ရှိနေပြီး စားနပ်ရိက္ခာနဲ့အလှူရှင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရွာခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ လွိုင်ကော်မြို့က စစ်ရှောင်လူထုတွေဖြစ်ပြီး တိုက်ပွဲတွေကြား ကိုယ်လွတ်ရုန်း တိမ်းရှောင်ခဲ့ရတာကြောင့် အသုံးအဆောင်ပစ္စည်းတွေ မယူလာနိုင်ခဲ့ရဘူးလို့ ဆိုပါတယ်။ ဗန်းမောက်ကျေးရွာကို ရောက်ရှိနေတာ ၂ပတ် ဝန်းကျင်ရှိနေပြီလို့လည်း ဆိုပါတယ်။

“အခု လောလောလတ်လတ် ဒီစားနပ်ရိက္ခာအတွက် ဖြစ်နိုင်ရင်တော့ အခုချက်ချင်း လက်ငင်းကို လိုနေတာပေါ့။ အခုဖြစ်နေတာက ဒီစားနပ်ရိက္ခာက ကုန်နေပြီပေါ့နော်။ ဟို ပြေးလာကတည်းကိုက သူတစ်လုံး ကိုယ်တစ်လုံး လူလွတ်ဖို့ပဲ ဆိုတဲ့ခါကြတော့ ဒီစားဖို့သောက်ဖို့ရယ် ဝတ်စားဖို့တောင်မှ ပါမလာတဲ့သူလည်းရှိတယ်ပေါ့။ တချို့တောင်မှ ဖိနပ်တောင်မှ ပါမလာဘူး။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဗန်းမောက်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်တွေဟာ ရွာဘုန်းကြီးကျောင်းမှာ တည်းခိုနေကြပြီး နေရာထိုင်ခင်း မလုံလောက်တာကြောင့် ကားပေါ်မှာ အိပ်နေကြတာရှိသလို ဘုန်းကြီးကျောင်းအောက် မြေကြီးပေါ် မှာလည်း အကာမဲ့ နေထိုင်ရတာကြောင့် နေရာထိုင်ခင်း အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေအတွက် ကူညီလှူဒါန်းသူတွေ နည်းနေသေးသလို ကူညီဆောင်ရွက်ပေးနေသူတွေလည်း နည်းပါးနေတယ်လို့ အဆိုပါ ရွာခံ အမျိုးသားက ဆက်ပြောပါတယ်။

“လက်ရှိ ဘယ်သူတွေ ကူညီဆောင်ရွက်ပေးနေလဲဆိုတော့ ဒီကျနော်ပဲ ပြင်ပ အလှူရှင် ကနေပြီး ရရှိလာတဲ့ ငွေကြေးပမာဏတွေကို အဓိက လိုအပ်တဲ့ဟာ ကူဖြေရှင်းပေးတာတော့ ရှိတာပေါ့နော်။ သူတို့ရဲ့ ဟာလာဟင်းလင်း အိပ်နေရတယ်ဆိုတော့ သူတို့အတွက် အကာပေါ့နော်။ အကာနဲ့ အောက်က မြေကြီးပေါ်မှာ အိပ်နေရတယ်ဆိုတော့ မြေကြီးပေါ်လည်း မအိပ်ရအောင်လို့ ဝါးကပ် အဓိက လုပ်ပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ ကျေးရွာမှာ စစ်ရှောင်တွေကို လက်ခံထားနိုင်ခဲ့ပေမဲ့ လူဦးရေများတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအပြင် အဝတ်အထည် ၊ စောင်တွေလည်း လိုအပ်တာကြောင့် အကူအညီပေးကြဖို့ တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts