spot_imgspot_imgspot_imgspot_img
Tuesday, February 18, 2025
spot_imgspot_imgspot_imgspot_img

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့အတူ PNA ပါဝင်တိုက်နေပြီး အကျဆုံးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်း ဒေသက ဖြစ်တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့အတူ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)လည်း ပါဝင်တိုက်ခိုက်နေပြီး အကျအဆုံးရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ PNO၊ PNAဖက်က သူတို့ရဲ့ တပ်သားတွေ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးတာတွေ ပေါ့နော ၁၀ဦးကျော်လောက်ရှိတယ်။ PNO၊ PNAကတော့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ပဲ။ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ဖြစ်တဲ့အတွက် အာဏာသိမ်းပြီး တိုက်ပွဲ ဖြစ်တဲ့အခါ မှာကတည်းက သူတို့ စစ်ကောင်စီနဲ့ပဲ ပူးပေါင်းတယ်ပေါ့နော။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနယ်စပ်မှာ ဖြစ်တဲ့ တိုက်ပွဲဆိုရင် PNO၊ PNAပါတာကို ကျနော်တို့ တွေ့ရတယ်။ “ လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ တတိယပတ်လောက်မှာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာကနေ တောင်မဲတင်း၊ ပင်ပုံ ရွာတွေဖက် အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တို့ တစ်ပတ်ကျော် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပေမဲ့ အထိနာတဲ့အတွက် လက်နက်ကြီး ၊ လေကြောင်းပစ်ကူ အသုံးပြုခဲ့ရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ရတာဖြစ်တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ ပင်လောင်း၊ ဖယ်ခုံမှာဖြစ်တဲ့ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေမှာ က စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ကျနော်တို့ဖက်က ပြန်လည်ခုခံကာကွယ်တိုက်ခိုက်ရတဲ့ဟာ မျိုးဖြစ်တယ်ပေါ့နော။“ လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့ကစပြီး ပင်လောင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပင်လောင်းဒေသခံ ၃ထောင်ဝန်းကျင်ဟာ ဘေးကင်းရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီနဲ့ PNAဖက်က အင်အားထပ်မံဖြည့်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့အတူပူးပေါင်း ပါဝင်နေတဲ့ PNO/ PNA ဟာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

“ သူတို့က ၁၉၉၀ကျော်လောက်ကတည်းက အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတော့မှ စစ်ကောင်စီ မတိုင်ခင် နဝတ ၊ နအဖ တို့လက်ထက် ကတည်းကပေါ့။ အခု စစ်ကောင်စီလက်ထက်မှာက သူတို့ကို ပြည်သူ့စစ်အဖြစ် သင်တန်းတွေ ဘာတွေ ပေးတယ်။ PNAကလည်း လူငယ်တွေကို စည်းရုံးတယ်။ သူတို့ နဲ့ ပူးပေါင်းပြီးတော့ လှုပ်ရှားဖို့ အဲ့လိုမျိုးတွေ လုပ်လာတယ်လေ။ သူတို့ က အတူတူပဲပေါ့။ “ လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။

ကရင်နီပြည်နယ်တစ်ဝှမ်းမှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ( ၄၅) ဦးသေဆုံး၊ (၁၆) ဦးဒဏ်ရာရခဲ့ပြီး တိုက်ပွဲအတွင်းမှာ KNDF ရဲဘော် ( ၂) ဦး ကျဆုံးခဲ့ရတယ်လို့ KNDFရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts