spot_img
Monday, December 11, 2023
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်ထဲက ပွန်ချောင်းစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှာရှိတဲ့ ပွန်ချောင်း စစ်ရှောင်စခန်းမှာ လက်ရှိအချိန်ထိ စားနပ်ရိက္ခာအတွက် အလှူရှင်အဖွဲ့ လာရောက် လှူဒါန်းပေးတာမျိုးမရှိသလို ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

မြေပြင်မှာ စစ်ရှောင်ကူညီရေး အဖွဲ့တွေအနေနဲ့ သွားလာဖို့အခက်ခဲရှိသလို စစ်ရှောင်တွေမှာလည်း အခက်ခဲများစွာရှိတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

“စစ်ရှောင်မှာ အဓိက ကူတဲ့အဖွဲ့ဆိုတာမရှိဘူး ရှားတောမှာ။ စစ်ရှောင်ကတော့ ပွန်ချောင်းတစ်ရွာဘဲရှိတယ်။ ရှားတောမြို့နယ်မှာ လိုက်ပြီးကူတာဆိုလို့မရှိဘူးအဲလို။ ကျန်းမာရေးပိုင်းဆိုတော့ အခက်ခဲရှိတာပေါ့။ သွားလာဖို့ ခက်ခဲတော့။ စစ်ရှောင်ဆိုပေမဲ့ လုပ်ကိုင်စားသောက်နေကြပါတယ်”လို့ စစ်ရှောင်တစ်ဦးက အခုလိုပြောပါတယ်။

အဆိုပါ ပွန်ချောင်းစစ်ရှောင်အနီးမှာ စစ်ကောင်စီတပ်စခန်းရှိတာကြောင့် စစ်ရှောင်‌တွေဆီ သွားရောက်ကူညီနိုင်ဖို့ ခက်ခဲကြန့်ကြာမှု ရှိတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။

“အေပေါ့ ဒီပွန်ချောင်းမှာက ကယားနဲ့ ဗမာဆိုတာရှိတော့ ကယားတွေက အပေါ်ဖက်မှာ ရှောင်ကြတယ်။ ဗမာတွေက ရွာအအောက်ဖက်မှာ ရှောင်ကြတယ် ။ဒါပေမယ့် တခါမှ မရောက်ဖူးဘူး ရွာအောက်က ရှောင်တဲ့အဖွဲ့ကို။ ဒီအပေါ်ဖက်မှာ ရှောင်နေတဲ့ကယားတွေနားမှာဘဲ ရောက်တယ်။ ပွန်ချောင်းမှာ တပ်စခန်း တစ်ခုရှိတယ်လေ “ လို့ ဆိုပါတယ်။

အဆိုပါ ပွန်ချောင်းစစ်ရှောင်စခန်းမှာ တိုက်ပွဲကြောင့် ရှားတောမြို့မှာနေလို့ မရတော့တဲ့ ဒေသခံတစ်ချို့နဲ့ ပွန်ချောင်းရွာကဒေသခံတွေဖြစ်ပြီး စစ်ရှောင် ကာလ ၂ နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါစခန်းမှာ စစ်ရှောင်ဦးရေ ၂၀၁ ဦးရှိပြီး အိမ်ခြေ ၄၅ အိမ်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts